ဆောင်းနေကြာဧက(၃၀၀)စိုက်ပျိုးမည့် တောင်သူများအား စီမံကိန်းအတိုးရငွေဖြင့် စိုက်ပျိုးစရိတ်များထုတ်ချေးပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆောင်းနေကြာဧက(၃၀၀)စိုက်ပျိုးမည့် တောင်သူများအား စီမံကိန်းအတိုးရငွေဖြင့် စိုက်ပျိုးစရိတ်များထုတ်ချေးပေး



MNP - ဩဂုတ်    ၂၀


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ်၊ ငကောင်းကံကျေးရွာအုပ်စုအတွင်းရှိ ဆောင်းနေကြာဧက(၃၀၀)စိုက်ပျိုးမည့် တောင်သူများအား စီမံကိန်းအတိုးရငွေဖြင့် စိုက်ပျိုးစရိတ်ထုတ်ချေးပေးခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် ဇီးကုန်းကျေးရွာ၊ စိုက်ပျိုးရေးအသိပညာပေးစင်တာ၌ ကျင်းပသည်။


ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် ဒေသခံတောင်သူများ ဝင်ငွေတိုးတက်ရရှိကာ လူမူစီးပွားဘဝများဖွံဖြိုး တိုးတက်လာစေရေးအတွက် စိုက်ပျိုးရေရရှိရေး၊ သွင်းအားစုများအား ဈေးနှုန်းသက်သာစွာထောက်ပံ့ပေးနိုင်ရေး၊ မျိုးကောင်းမျိုးသန့်များရရှိစေရေးနှင့် စိုက်ပျိုးနည်းစနစ်များ မှန်ကန်စွာစိုက်ပျိုးနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ပေးနေလျက်ရှိကြောင်း၊ ဒေသခံ တောင်သူများအားလုံးကလည်း သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ပူးပေါင်းကာ ကြိုးစား ဆောင်ရွက်ကြဖို့လိုကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးရေးထွက်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးဆောင်ရွက်ရာတွင် ကုန်ကျစရိတ်သက်သာပြီး လယ်ယာမြေအတွက် ရေရှည်အကျိုးပြုနိုင်သည့် သဘာဝမြေဩဇာများကို စနစ်တကျ ထည့်သွင်းအသုံးပြုကြဖို့လို ကြောင်း၊ သီးနှံထွက်ကုန်များ အရည်အသွေးကောင်းမွန်စေရေးဆောင်ရွက်မှုနှင့်အတူ တန်ဖိုးမြှင့်ထုတ်ကုန်များ ဖန်တီးထုတ်လုပ်နိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်သွားကြဖို့လိုကြောင်း ပြောကြားသည်။


ထို့နောက် ပျဉ်းမနားမြို့နယ် ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နေခြည်ဇာဝေက ဆောင်းနေကြာဧက(၃၀၀)စိုက်ပျိုးမည့် တောင်သူများအတွက် မြစိမ်းရောင်နှင့် VRFP စီမံကိန်းများမှ အတိုးရငွေများထုတ်ချေးပေးမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။


ယင်းနောက် ဒေသခံတောင်သူများက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များအားတင်ပြကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြပြီး မြစိမ်းရောင်နှင့် VRFP စီမံကိန်းများမှ အတိုးရငွေများမှ ဆောင်းနေကြာစိုက်ပျိုးကြမည့် တောင်သူများအတွက် တစ်ဧကလျှင် ကျပ်(၁)သိန်းနှုန်းဖြင့် ချေးငွေများထုတ်ချေးပေးခဲ့ကြောင်း သိရသည်။


ပျဉ်းမနားမြို့နယ်၊ ငကောင်းကံအုပ်စု၊ ကွင်းအမှတ်-၁၆၇၇ တွင် ငကောင်းကံကျေးရွာ၊ ဇီးကုန်းကျေးရွာနှင့် ဇောင်ချမ်းကုန်းကျေးရွာများမှ တောင်သူ(၆၃)ဦးတို့က ဆီထွက်သီးနှံ ဆောင်းနေကြာဧက(၃၀၀)ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ဇော်မင်းလွင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)