MNP ၊ သြဂုတ် ၂၅
နိုင်ငံတော်၏ လူမှု၊ စီးပွားဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူငယ်လူရွယ်များ၏ အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အခွင့်အလမ်းများတိုးတက်ရရှိစေရန်အတွက် နိုင်ငံအကျိုးပြု အရည်အချင်း ပြည့်ဝသော အင်ဂျင်နီယာပညာရှင်များ လေ့ကျင့်မွေးထုတ်နိုင်ရန်ရည်ရွယ်၍ နေပြည်တော်ကောင်စီနယ်မြေရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနအောက်တွင် နေပြည်တော်နည်းပညာတက္ကသိုလ်ကို (၂၀၂၂-၂၀၂၃) ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး အောက်ဖော်ပြပါ ဘွဲ့သင်တန်းများအား သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
(၁) မြို့ပြအင်ဂျင်နီယာ၊ (၂) အီလက်ထရွန်းနစ်အင်ဂျင်နီယာ၊ (၃) လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ၊ (၄) စက်မှုအင်ဂျင်နီယာ၊ (၅) ကွန်ပျူတာအင်ဂျင်နီယာနှင့် သတင်းအချက်အလက်နည်းပညာ၊ (၆) ဗိသုကာ ပညာရပ်များ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ဘွဲ့သင်တန်းများအား ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုအောင်မြင်သူများမှ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ (၄)ဘာသာ ရမှတ် (အများ/အနည်း)ပေါ်မူတည်၍ ရွေးချယ်တက်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း အသိပေးကြေညာထားပြီး အသေးစိတ်သိရှိလိုပါက အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ ကျောင်းသားရေးရာဌာန၊ ၀၆၇-၃၄၀၄၅၇၀၊ ၀၆၇-၃၄၀၄၆၅၂၊ ၀၆၇-၃၄၀၄၆၄၂ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment