မော်လမြိုင်မြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်း ရပ်ကွက်ရှိ လူနေအိမ်များအတွင်းသို့ ရေများဝင်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မော်လမြိုင်မြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်း ရပ်ကွက်ရှိ လူနေအိမ်များအတွင်းသို့ ရေများဝင်ရောက်



MNP - သြဂုတ်   ၁၇


မော်လမြိုင်မြို့နယ်တွင် ၂၀၂၂ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့မှစတင်ကာ မိုးများအဆက်မပြတ်ရွာသွန်းပြီး သံလွင်မြစ်ရေများ မြင့်တက်လာမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားကာ ယမန်နေ့ နံနက်ပိုင်းမှစ၍ မွန်ပြည်နယ်မော်လမြိုင် မြို့မြေနိမ့်ပိုင်းရပ်ကွက် လူနေအိမ်များအတွင်းသို့ ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။


မိုးအဆက်မပြတ်ရွာသွန်းပြီး သံလွင်မြစ်ရေမြင့်တက်လာမှုကြောင့် လှိုင်ရပ်ကွက်၊‌ ဇေယျာသီရိရပ်ကွက်၊ ဈေးကြိုရပ်ကွက်ဥယျာဉ်လမ်း၊ သီရိမြိုင်ရပ်ကွက်၊ ဇေယျာမြိုင် ရပ်ကွက်အတွင်း မြေနိမ့်ပိုင်းရှိ လမ်းအချို့နှင့် လူနေအိမ်များအတွင်းသို့ ရေအမြင့်  (၂) ပေခန့် ဝင်ရောက်လျက်ရှိကြောင်း၊ ပြောင်းရွှေ့ရန်လိုအပ်ပါက ပြောင်းရွှေ့နိုင်မည့်နေရာအား မော်လမြိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဘေးလွတ်ရာနေရာသို့ ပြောင်းရွေ့ရန် ကြိုတင်စီစဉ်ထားရှိကြောင်း၊ အဆိုပါ နေရာများ၌ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကယ်ဆယ်ရေး အဖွဲ့များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ပရဟိတလူမှုကူညီရေးအဖွဲ့များတို့က ပူးပေါင်းကာ ကူညီဆောင်ရွက်ပေးလျက်ရှိပြီး အသင့်စုဖွဲ့ထားရှိကြောင်း သိရသည်။


မြေနိမ့်ပိုင်း ရေဝင်ရောက်လျက်ရှိသော အိမ်ထောင်စုများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ဦးလှထွန်း (ငရုတ်သီးမှုန့်) မိသားစုများက ဆန် (၆)ပြည်အိတ် ၃၀၀ အားအချိုးကျ ဝေငှနိုင်ရေး လှူဒါန်းပေးခြင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များက ထမင်းထုပ်များ ဝေငှနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း မော်လမြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ယုထံမှ သိရသည်။


သတင်း - ခင်စန်းမြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)