ကမာရွတ်မြို့နယ်တွင် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောင်းသူများ၏ဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာနှင့် ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမာရွတ်မြို့နယ်တွင် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောင်းသူများ၏ဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာနှင့် ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ




MNP - ဩဂုတ်   ၃၁


ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယနေ့နံနက်(၁၁:၀၀)နာရီအချိန်က အမှတ်( ၁၀) ရပ်ကွက်ရှိ လူမှုဝန်ထမ်းဦးစီးဌာန အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာန၌ ကျောင်းသူများ၏ ဘဝဖွံဖြိုးတိုးတတ်ရေးဆိုင်ရာနှင့် ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ပြုလုပ်ခဲ့ပါသည်။


လူမှုဝန်ထမ်းဦးစီးဌာန၏ အမျိုးသမီးများအတွက် ဖွံ့ဖြိုးတိုးတက်ရေးပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ဖြစ်သည့် အမျိုးသမီးကလေးငယ်များနှင့် လူမှုရေးအခက်အခဲရှိသည့် အမျိုးသမီးငယ်များစောင့်ရှောက်ရန်၊ အတန်းပညာနှင့်သက်မွေးမှုပညာစနစ်တကျတက်မြောက်ရန်နှင့် ကုန်ထုတ်လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လာစေရန်၊ အလုပ်အကိုင်နေရာချထားပေးရေးနှင့် ဝင်ငွေရလုပ်ငန်းများလုပ်ကိုင်ပေးခြင်းဖြင့် ဘဝရည်မှန်းချက်များထားရှိလာတက်ရန်၊ အမျိုးသမီးငယ်များအား လူမှုအသိုက်အဝန်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရေးနှင့် မိဘအုပ်ထိန်းသူထံပြန်လည်အပ်နှံရေးဆောင်ရွက်ရန်၊ မျိုးချစ်စိတ်ဓာတ်ထက်သန်ပြီး နိုင်ငံကိုချစ်မြတ်နိုးသောနိုင်ငံနှင့်ပြည်သူကိုအကျိုးပြုသည့် နိုင်ငံသမီးကောင်းများပေါ်ပေါက်လာစေရန်ဖြစ်၍ မိမိတို့၏ဘဝ၌ ကောင်းမွန်ပြည့်ဝသည့် နိုင်ငံအကျိုးပြု အမျိုးသမီးများဖြစ်စေရန်အတွက် အသိပညာပေးအဖြစ် ကျောင်းအုပ်ဆရာမကြီးမှ ကျောင်းသူများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာသင်းသင်းနိုင်က ကျန်းမာရေးဆိုင်ရာများကိုလည်းကောင်း၊ အသီးသီးကျောင်းသူများကို ဟောပြောပေးခဲ့ပါသည်။ 


အခမ်းအနားသို့ကမာရွတ်ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဇနီး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျောင်းသူများ စုစုပေါင်း(၇၅)ဦးတက်ရောက်ခဲ့ကြပါသည်။


ထိုသို့အသိပညာပေးဟောပြောခဲ့ပြီးနောက် ကျောင်းသူများအတွက် လိုအပ်သည့်အထောက်အပံ့ပစ္စည်းများအား တာဝန်ရှိသူများမှ ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။


သတင်း - စိမ်းလဲ့ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)