ပြည်ထောင်စု (၆)လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ လမ်းညွှန်မှာကြားချက်များ အပေါ် ထပ်ဆင့် ရှင်းလင်းမှာကြားခြင်းနှင့်အတူ ကချင်ပြည်နယ်(၆)လပတ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေး (ဒုတိယနေ့) ဆက်လက်ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စု (၆)လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ လမ်းညွှန်မှာကြားချက်များ အပေါ် ထပ်ဆင့် ရှင်းလင်းမှာကြားခြင်းနှင့်အတူ ကချင်ပြည်နယ်(၆)လပတ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေး (ဒုတိယနေ့) ဆက်လက်ကျင်းပ



MNP - သြဂုတ်   ၂၄


ပြည်ထောင်စု (၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့် ရှင်းလင်းခြင်းနှင့်အတူ ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများ၏ ကချင်ပြည်နယ် (၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (ဒုတိယနေ့)ကို သြဂုတ် ၂၄ ရက် နံနက် ၈ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြသည်။


လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာဌာနအလိုက် မူဝါဒ၊ ရည်မှန်းချက်များ၊ ၂၀၂၂ ခုနှစ်၊ ဖေ‌ဖော်ဝါရီ ၁ ရက်နေ့မှ ဇူလိုင် ၃၁ ရက်နေ့အထိ (၆)လတာကာလအတွင်း စီမံကိန်းလုပ်ငန်း‌များ အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများ၊ ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ်များကို ပါဝါပွိုင့်များဖြင့် အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်တို့က သက်ဆိုင်ရာ ဌာနများအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ရှေ့လုပ်ငန်းစဉ်များအပေါ် လိုအပ်ချက်များ သုံးသပ်အကြံပြု ဖြည့်စွက်ရှင်းတင်ပြ ကြသည်။


တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များအတိုင်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံ့စီးပွားမြှင့်တင်‌ရေးနှင့် ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေး၊ လူမှုစီးပွားဘဝမြှင့်တင်ရေး၊ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်စွမ်းအား တိုးတက်မြင့်မားလာရေး၊ မြို့ပြနှင့်ကျေးလက်ကွာဟမှုကို လျှော့ချနိုင်ရေး၊ ပညာရေးမြှင့်တင်ရေး၊ ကိုဗစ်ကာကွယ်ဆေးထိုးလုပ်ငန်းနှင့် ပန်းခင်းစီမံချက်များ ပြီးမြောက်အောင်မြင်စေရေး၊ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မိမိတို့အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများအကြား၊ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်း ခိုင်မာပြီး အကောင်အထည်ဖော်ရမည့် လုပ်ငန်းများအပေါ် အလေးအနက်ထား ဆောင်ရွက်နိုင်ရေးအတွက် ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးများကို ဆက်လက်ပြုလုပ် သွားမည်ဖြစ်ပါကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ ပြည်နယ်စီးပွား မြှင့်တင်ရေးအတွက် မတည်ပေးအပ်ခဲ့သည့် ငွေကျပ် (၈)ဘီလီယံကို ထိရောက်အောင်မြင်သော နည်းလမ်းများဖြင့် အကောင်အထည်ဖော်နိုင်ရေး အလေးအနက်ထားကြိုးပမ်းဆောင်ရွက်ကြရေး အထူးမှာကြားလိုပါကြောင်းနှင့် ထို့အပြင်ဌာနဆိုင်ရာများ အနေဖြင့် မိမိတို့ဌာနအလိုက် လုပ်ငန်းများ ပိုမိုအောင်မြင်စေရေး အရှိန်အဟုန်မပြတ် ကြိုးပမ်းဆောင်ရွက်သွားရန် လိုကြောင်း တိုက်တွန်းမှာကြားခဲ့ကြောင်း သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)