စလင်းမြို့နယ်တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနမှ ဝါစိုက်ဧရိယာ တိုးချဲ့စိုက်ပျိုးသည့် တောင်သူများအား ဝါမျိုးစေ့များ ထောက်ပံ့ ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

စလင်းမြို့နယ်တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနမှ ဝါစိုက်ဧရိယာ တိုးချဲ့စိုက်ပျိုးသည့် တောင်သူများအား ဝါမျိုးစေ့များ ထောက်ပံ့ ပေးအပ်



MNP - သြဂုတ်   ၂၅


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမဆောင်တွင် ဝါစိုက်ဧရိယာတိုးချဲ့စိုက်ပျိုးသည့် တောင်သူများအား ဝါမျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနမှ ဝါစိုက်ဧရိယာတိုးချဲ့စိုက်ပျိုးသည့် တောင်သူများကို စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်လင်းက တောင်သူများအား ဝါမျိုးစေ့ပေးအပ်ရခြင်းနှင့် ပါတ်သက်၍ ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့သည်။ ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရုံးအုပ်ကြီး ဦးသိန်းဇော်မှ တောင်သူများ သိသင့်သိထိုက်သည်များကို ထပ်ဆင့်ဆွေးနွေး ပြောကြားခဲ့သည်။ ဆက်လက်၍ စလင်းမြို့နယ်အတွင်းမှ ကျေးရွာအုပ်စု(၉)အုပ်စုမှ တောင်သူ(၃၅၈)ဦး၊ ကွင်းပေါင်း(၂၃)ကွင်းတို့အတွက် တစ်ဧကလျှင် ၄၇၀၀ ကျပ်နှုန်းနှင့် ဧက(၇၇၉)ဧကအတွက် ငွေကျပ် (၃၆၆၁၃၀၀) ကျပ်နှင့် ဝါမျိုးစေ့အိပ်ဝက်များကို ကျေးရွာအုပ်စု အလိုက်ပေးအပ်ခဲ့ကာ တက်ရောက်လာကြသည့် ကျေးရွာများဖြစ်သည့် မကျီးဖျားကျေးရွာ၊ ရုံးပင်ကန်၊ အင်ကြင်းပင်လှကျေးရွာ၊ ကျွန်းရင်းကျေးရွာ၊ ညောင်/လင်းဇင်း၊ အိုးသည်ကျေးရွာ၊ ကန်တော်၊ ဒေါင့်ဘိုး၊ ဖောင်းလင်းကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများနှင့်တောင်သူ (၃၀)ဦးနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်း ၂၈ ဦး စုစုပေါင်း (၅၈)ဦး တက်ရောက်ကြပြီး ဝါမျိုးစေ့များနှင့် ထောက်ပံ့ငွေများကို စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်လင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်ခင်လေးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးသိန်းဇော်တို့က အသီးသီးပေးအပ်ခဲ့ကြောင်း သိရှိရသည်။


သတင်း - မောင်လွင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)