MNP ၊ သြဂုတ် ၆
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ပင်လယ်ကမ်းခြေသန့်ရှင်းသာယာလှပရေးအတွက် ယနေ့ နံနက် ပိုင်းက ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အဆိုပါကမ်းခြေ တစ်လျှောက်ရှိ သတ်မှတ်နေရာများတွင် စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာ များ၊ တပ်မတော်သားများနှင့် ပြည်သူများပါဝင်သည့်ပူပေါင်းအဖွဲ့တို့မှ စုရပ်နေရာအသီးသီးသတ်မှတ်၍ အဖွဲ့များခွဲကာ အဆိုပါပင်လယ်ကမ်းခြေတစ်လျှောက်ရှိ ဒီရေတက်ချိန်တွင်ပါလာပြီး ကမ်းခြေတွင်တင် ကျန်ခဲ့သောအမှိုက်သရိုက်များနှင့် ပြည်သူများစွန့်ပစ်ထားရှိသည့် အမှိုက်များကို အမှိုက်အိတ်များထဲသို့ ထည့်ကာ သတ်မှတ်နေရာများသို့ပို့ဆောင်ပေးခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ခြင်းများကို ကျောက်ဖြူမြို့၊ ဦးဥတ္တမပန်းခြံအနောက်ဘက်ကမ်းခြေနေရာမှ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနောက်ဘက် ပင်လယ်ကမ်းခြေအထိစုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ယင်းသို့စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို ကျောက်ဖြူအခြေစိုက် ဗျူဟာမှူးနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ နယ်မြေခံရဲတပ်ရင်းမှ တပ်ဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူအင်အား ၂၀၀ ကျော်တို့မှ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ စုပေါင်းသန့်ရှင်းရေးပြု လုပ်ခြင်းကို အပတ်စဉ်စနေနေ့တိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း
https://t.me/MyanmarNationalPost





No comments:
Post a Comment