လှိုင်မြို့နယ်တွင် ပြည်သူများအတွက် သက်သာသောဈေးနှုန်းဖြင့် ဆီများရောင်းချပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

လှိုင်မြို့နယ်တွင် ပြည်သူများအတွက် သက်သာသောဈေးနှုန်းဖြင့် ဆီများရောင်းချပေး

 



MNP - ဩဂုတ်   ၁၇


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီစဉ်လမ်းညွှန်မှုဖြင့် လှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စာသုံးသူရေးရာဦးစီးဌာတို့ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်း က စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဆီများရောင်းချပေးလျက်ရှိကြောင်း သိရသည်။


ထိုသို့ ရောင်းချရာတွင် တစ်ဦးလျှင် ၅၀ သား၊ ဆီတစ်ပိဿာ ၂၃၀၀ ကျပ်နှုန်းဖြင့် အမှတ်(၁၂)ရပ်ကွက်၊ အင်းစိန်လမ်း၊ လှိုင်ရတနာဈေးရှေ့တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။


အဆိုပါရောင်းချရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - ကျော်ရဲအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)