ပြည်မြို့နယ်တွင် ကျေးလက်ဒေသ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မိသားစုအပိုဝင်ငွေရရှိရေး အသက်မွေးဝမ်းကျောင်း အထောက်အကူပြု “သီးနှံအခြေခံယိုမျိုးစုံ ပြုလုပ်နည်းသင်တန်း” ဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်မြို့နယ်တွင် ကျေးလက်ဒေသ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မိသားစုအပိုဝင်ငွေရရှိရေး အသက်မွေးဝမ်းကျောင်း အထောက်အကူပြု “သီးနှံအခြေခံယိုမျိုးစုံ ပြုလုပ်နည်းသင်တန်း” ဖွင့်လှစ်



MNP - ဩဂုတ်   ၁၇


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကကြီးမှူး၍ ပြည်မြို့နယ် ကြာအင်းကျေးရွာအုပ်စု၊ ဖုမ္မသိမ်ကျေးရွာ တွင်  အသက်မွေးဝမ်းကျောင်း အထောက်အကူပြု “သီးနှံအခြေခံယိုမျိုးစုံ ပြုလုပ်နည်းသင်တန်း”ကို ဩဂုတ်လ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့အထိ ငါးရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချ‌ ပေးလျက်ရှိကြောင်း သိရသည်။


သင်တန်းသို့ အဆိုပါကျေးရွာမှ သင်တန်းသူ ၂၀ ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းသူများကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ နည်းပြဆရာမများက ခရမ်းချဉ်သီး၊ နာနတ်သီး၊ ဆီးသီးနှင့် ကျောက်ဖရုံသီးအစရှိသော အခြေခံသီးနှံများဖြင့် ယိုမျိုးစုံပြုလုပ်နည်းများကို စာတွေ့၊ လက်တွေ့ သင်ကြားပေးလျက်ရှိကြောင်းနှင့် အဆိုပါသင်တန်းကို ဩဂုတ် ၁၅ ရက် နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့‌ပြီး ပြည်ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းဦးနှင့် တာဝန်ရှိသူများ တက်ရောက်အားပေးကြောင်း သိရသည်။


ယင်းသင်တန်းအား ကျေးလက်ဒေသ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်နေ အမျိုးသမီးများအား မိမိတို့နေအိမ်၌ပင် အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး ဒေသထွက်သီးနှံများဖြင့် ယိုမျိုးစုံပြုလုပ်၍ မိသားစုအပိုဝင်ငွေရရှိရေးနှင့် တစ်ပိုင်တစ်နိုင်စီးပွားဖြစ်လုပ်ငန်း လုပ်ကိုင်နိုင်ရန်ရည်ရွယ် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြည်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှူးထံမှ သိရသည်။


သတင်း - ကိုဆက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)