မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ ရေးသးထုတ်ပြန်ချက်များသည် မြန်မာနိုင်ငံသားများ စိတ်ဝမ်းကွဲပြီး ရန်လိုအမုန်းပွား တိုက်ခိုက်မှုများ ဖြစ်ပေါ်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သုံးသပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ ရေးသးထုတ်ပြန်ချက်များသည် မြန်မာနိုင်ငံသားများ စိတ်ဝမ်းကွဲပြီး ရန်လိုအမုန်းပွား တိုက်ခိုက်မှုများ ဖြစ်ပေါ်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သုံးသပ်



MNP ၊ သြဂုတ် ၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က တိုင်းပြည်၏ အာဏာအရပ်ရပ်ကို တာဝန်ယူထားသည့် ကာလအတွင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ ရေးသားထုတ်ပြန်ချက်များသည် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများဖြစ်ပေါ်စေရန်၊ မြန်မာနိုင်ငံသားအချင်းချင်း ရန်လိုအမုန်းပွား တိုက်ခိုက်မှုများ ဖြစ်ပေါ်စေရန် ရည်ရွယ်ချက်ရှိရှိ ဖန်တီးရေးသား လှုံ့ဆော်နေခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ပြောဆိုသည်။

ယမန်နေ့က ကျရောက်သော ရှစ်လေးလုံး နှစ်ပတ်လည်နေ့တွင် အမေရိကန်သံရုံးက "လွန်ခဲ့သည့် ၃၄နှစ်က ၁၉၈၈ သြဂုတ် ၈ တွင် မြန်မာနိုင်ငံ၏ သန်းနှင့်ချီသောပြည်သူများသည် လူအခွင့်အရေးနှင့် နှစ်ပေါင်းများစွာကြာမြင့်သည့် စစ်အုပ်ချုပ်ရေးအဆုံးသတ်ရန်အတွက် ဆန္ဒပြခဲ့ကြပါသည်။ ယခု ဤ ၈၈၈၈ အရေးတော်ပုံကြီး၏ ဝမ်းနည်းဖွယ်ရာ နှစ်ပတ်လည်နေ့တွင် ကိုဂျင်မီနှင့်တကွ ဒီမိုကရေစီရေးအတွက် လှုပ်ရှားရင်း အသက်ဆုံးပါးခဲ့ရသူများအားလုံးကို မိမိတို့ အမှတ်ရဂုဏ်ပြုအပ်ပါသည်။ လွတ်လပ်မှုနှင့် ဒီမိုကရေစီအရေးအတွက် ကြိုးပမ်းအားထုတ်နေကြသော မြန်မာပြည်သူများနှင့်အတူ မိမိတို့ ရပ်တည်ပြီး မြန်မာပြည်သူများ၏ ဒီမိုကရေစီလိုလားတောင့်တမှုနှင့် လူအခွင့်အရေးများကို လေးစားလိုက်နာရန် စစ်အာဏာရှင်အဖွဲ့အစည်းကို မိမိတို့ တောင်းဆိုပါသည်။" ဟု လုပ်ကြံဖန်တီးရေးသား ထားသည်ကို တွေ့ရသည်။

နိုင်ငံရေးလေ့လာသူတစ်ဦးက "ဂျင်မီ၊ ဖြိုးဇေယျာသော်တို့ဆိုတာက အမေရိကန် က ငွေကြေးထောက်ပံ့ပေးပြီး မြောက်ပေးထားတဲ့ အကြမ်းဖက်သမားတွေပဲ။ သူတို့ရဲ့ မွေးစားသားတွေပဲ။ ဒီလူတွေ ဘာကြောင့် အကြမ်းဖက်လမ်းစဉ်နောက်ကို လိုက်သွားကြသလဲလို့ မေးရင် အကြမ်းဖက်အားပေး အမေရိကန် က ကျောထောက်နောက်ခံ ရှိနေလို့ပါပဲ။ ဂျင်မီ နဲ့ ဖြိုးဇေယျာသော် သတ်လို့ သေခဲ့ရတဲ့ အပြစ်မဲ့ ပြည်သူပေါင်းက တစ်ရာကျော်ရှိတယ်။ ဒီကောင်တွေရဲ့ အကြမ်းဖက်မှုကို ဖုံးကွယ်ပြီး ဒီမိုကရေစီ သူရဲကောင်းကြီးတွေအဖြစ် လုပ်ကြံဖန်တီးပြီး ရေးသားထုတ်ပြန်နေတယ်ဆိုကတည်းက ဘယ်လောက်အထိ မျက်နှာပြောင်တိုက်တဲ့ တိုင်းပြည်လဲ။ သူတို့ လုပ်ချင်ရာ လုပ်လို့ရရင် ဒီမိုကရေစီ။ သူတို့ ခြယ်လှယ်လို့ မရရင် ဒီမိုကရေစီ မဟုတ်တော့ပြန်ဘူး။ ဒါမျိုး ထုတ်ပြန်ပြောဆိုလာတယ်ဆိုရင် နိုင်ငံခြားရေးဝန်ကြီးဌာန က တစ်ခါတည်း ဆင့်ခေါ်။ တစ်ခါတည်း နှင်ထုတ်။ ဒါမျိုးလုပ်သင့်ပါတယ်။ ဒီလို လုပ်ကြံဖန်တီးပြီး လှုံ့ဆော်နေတာတွေက သံတမန်ကျင့်ဝတ်နဲ့လည်း မကိုက်ညီပါဘူး။" ဟု သုံးသပ်ပြောဆိုထားသည်။

အမေရိကန်နိုင်ငံသည် မြန်မာနိုင်ငံအတွင်း ဆူပူအကြမ်းဖက်လှုံ့ဆော်သူများကို ၎င်းတို့နိုင်ငံတွင် ခိုလှုံခွင့်ပေးထားပြီး မြန်မာနိုင်ငံအတွင်း အကြမ်းဖက်လှုပ်ရှားမှုများကို ကူညီထောက်ပံ့နေသော အဓိက နိုင်ငံဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)