ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ အရည်အသွေးမြှင့်သင်တန်းဖွင့်ပွဲ တက်ရောက်ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ အရည်အသွေးမြှင့်သင်တန်းဖွင့်ပွဲ တက်ရောက်ဖွင့်လှစ်



MNP ၊ ဩဂုတ် ၂၉

ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများ၊ တက္ကသိုလ်များ၊ ပညာရေးဒီဂရီကောလိပ်များမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများအတွက် အရည်အသွေးမြှင့် သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီ နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေး ခန်းမ၌ ကျင်းပသည်။


သင်တန်းဖွင့်ပွဲတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ယနေ့ဖွင့်လှစ်သည့် အရည်အသွေးမြှင့်သင်တန်းတွင် ပညာရေးနှင့်ပတ်သက်သည့် အချက်အလက်များ၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များ၊ ခေါင်းဆောင်မှုနှင့် စီမံအုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များ၊ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက် များ၊ နိုင်ငံဝန်ထမ်းဥပဒေနှင့် နည်းဥပဒေများ၊ စီမံရေးရာနှင့်သင်တန်းရေးရာကိစ္စများစသည်ဖြင့် ပို့ချပေးသွားမည် ဖြစ်ပါကြောင်း၊ တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများအနေဖြင့် လက်ရှိရာထူးတွင် တာဝန်ထမ်းဆောင်နေကြသူများဖြစ်သဖြင့် မသိသေးသည့် အကြောင်းအရာများ သိအောင်၊ သိပြီးသား အကြောင်းအရာများ ပိုမိုနားလည်တတ်ကျွမ်း၍ ပညာရေးဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်အောင် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း။


ဆရာကြီးဆရာမကြီးများသည် ပါမောက္ခချုပ်၊ ညွှန်ကြားရေးမှူးချုပ်များကို တာဝန်ခံရသည့် ဒုတိယ အကြီးအမှူးများဖြစ်သည့်အတွက် အကြောင်းအရာမျိုးစုံအတွက် တာဝန်ရှိသည့် ပုဂ္ဂိုလ်များဖြစ်ပါကြောင်း၊ ပညာရေးတွင် မည်သည့်နေရာဒေသတွင် တာဝန်ထမ်းဆောင်ကြရသည်ဖြစ်စေ ပညာရေးတိုးတက်အောင် ဆောင်ရွက်ရေးသည် ဆရာကြီး ဆရာမကြီးများတွင် တာဝန်အပြည့်ရှိပါကြောင်း၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေးအတွက် အလေးထားဆောင်ရွက်ကြစေလိုပါကြောင်း၊ ဤသင်တန်းတွင် နိုင်ငံ၏ပညာရေး အားနည်းမှုများ မည်သို့ကုစားဆောင်ရွက်ရမည်ကို ဆွေးနွေးအဖြေရှာကာ အုပ်စုအလိုက် တင်ပြ ဆွေးနွေးကြ စေလိုပါကြောင်း၊ လာမည့်ပညာသင်နှစ်တွင် အခြေခံပညာရေးနှင့် အဆင့်မြင့် ပညာရေးကဏ္ဍများတွင် ကျောင်းတက်နှုန်းမြင့်မားရေးအတွက် အလေးထားဆောင်ရွက် ကြစေလိုပါကြောင်း၊ နိုင်ငံရေးကင်းရှင်းသည့် ပညာရေးဖြစ်ရန်လိုပါကြောင်း၊ ကျောင်းသား ကျောင်းသူများကို အတန်းတိုင်းအဆင့်တိုင်းတွင် တတ်အောင် သင်ကြားပေးရေးသည် ပညာရေးဝန်ကြီးဌာန၏ တာဝန်ဖြစ်ပါကြောင်း၊ ပညာရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် တစ်ဦးနှင့်တစ်ဦး မေတ္တာထား၍ ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။


သင်တန်းနံနက်ပိုင်းတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းက စီမံအုပ်ချုပ်မှုရေးရာကိစ္စများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က အနာဂါတ်ပညာရေးကို ပုံဖော်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း သင်ကြားပို့ချကြသည်။ သင်တန်းကို ဩဂုတ် ၂၉ ရက်မှ စက်တင်ဘာ ၂ ရက်အထိ ၅ ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)