ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု ပြည်နယ်အဆင့် အထိမ်းအမှတ်အခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု ပြည်နယ်အဆင့် အထိမ်းအမှတ်အခမ်းအနား ကျင်းပ



MNP - ဩဂုတ်   ၁၇


ကားပြည်နယ်၊ လွိုင်ကော်မြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ပြည်နယ်အဆင့် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းနားကို ယမန်နေ့နေ့လည် ၂ နာရီအချိန်က ပြုလုပ်ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဦးစီးဌာနမှတာဝန်ရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ အသက်(၅)နှစ်အောက် ကလေးငယ်များ  တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦး က အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းများကို ပြည်သူလူထုအနေဖြင့် ပိုမိုစိတ်ဝင်စားပြီး ပူးပေါင်းဆောင်ရွက်ကြစေဖို့ ရည်ရွယ်ပြီး အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များကို နေ့စဉ်ဩဂုတ်လတစ်လလုံး ဗဟိုအဆင့်အနေနဲ့သာမက တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှာပါ ကျင်းပဆောင်ရွက်ခဲ့သည်မှာ (၁၉)ကြိမ်မြောက် တိုင်ရှိပြီဖြစ်ကြောင်း၊ အာဟာရရက်သတ္တပတ်များ သတ်မှတ်ပြီး ဆောင်ရွက်ခြင်းဟာ ပြည်သူလူထု ကိုယ်တိုင် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်လာပြီး အာဟာရဆိုင်ရာ အသိပညာ ဗဟုသုတများလည်း ပိုမိုရရှိလာကာ ကလေးငယ်များနဲ့ အမျိုးသမီးများရဲ့ ကျန်းမာရေးနဲ့ အာဟာရ အခြေအနေလည်း ပိုမိုကောင်းမွန်မြင့်မားလာစေဖို့ အထောက်အကူပြမှာဖြစ်ပါကြောင်း၊ နှစ်စဉ် ဩဂုတ်လရဲ့ ပထမပတ်ဟာ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်ဖြစ်သလို အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များနဲ့ ပတ်သက်ပြီး ဩဂုတ်လရဲ့(ပထမ) ရက်သတ္တပတ်ကို မိခင်နို့စနစ်တကျ တိုက်ကျွေးရေးရက်သတ္တပတ်၊ (ဒုတိယ)ရက်သတ္တပတ်ကို ငါးနှစ်အောက်ကလေးများနှင့် ကျောင်းသားလူငယ်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်၊ (တတိယ)ရက်သတ္တပတ်ကို ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်၊ (စတုတ္ထ)ရက်သတ္တပတ်ကို အိုင်အိုဒင်းချို့တဲ့ ရောဂါများ ပပျောက်ရေး ရက်သတ္တပတ်အနေနဲ့သတ်မှတ် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အဖွင့်အမှာစကားတွင် ပြောကြားခဲ့သည်။


ဆက်လက်ပြီး ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ် မှတ်တမ်းဗွီဒီယိုအား ကြည့်ရှုခဲ့ကြပြီး ကယားပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူတို့က အသက် (၅) နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေဆေးလုံးတိုက်ကျွေးခြင်း၊ ကိုဝန်ဆောင်မိခင်များအား အဏုအာဟာရဆေးပြားများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)