၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု တိုင်းဒေသကြီးအဆင့် အထိမ်းအမှတ် အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု တိုင်းဒေသကြီးအဆင့် အထိမ်းအမှတ် အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်

 





MNP - ဩဂုတ်  ၁၇


၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှု တိုင်းဒေသကြီးအဆင့် အထိမ်းအမှတ် အခမ်းအနားအား ယမန်နေ့မွန်းလွဲပိုင်း က ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က ကျန်းမာသန်စွမ်းသည့် လူ့အဖွဲ့အစည်း တည်ဆောက်နိုင်ရန်နှင့် လူတစ်ဦးချင်းစီ၏ ပျှမ်းမျှသက်တမ်း တိုးမြှင့်နိုင်ရေးအတွက် ကျောင်းသားလူငယ်များ ကျန်းမာရေးအဆင့်အတန်းမြင့်မားရေးသည် အဓိကကျသောကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအနာဂတ်သည် ပညာရေးနှင့်ကျန်းမာရေးပေါ်တွင် မူတည်လျက်ရှိရာ ဉာဏ်ရည်ထက်မြက်ပြီး ကျန်းမာသန်စွမ်းမှသာ အနာဂတ်နိုင်ငံတော်ကို ဦးဆောင်နိုင်မှာဖြစ်သည့်အတွက် ကျောင်းသားလူငယ်များ၏ ကျန်းမာရေးကို အထူးဂရုပြု ပြုစုပျိုးထောင်ပေးသွားရမှာ ဖြစ်ကြောင်း၊ ပြည်သူလူထု၏ ကျန်းမာရေးအဆင့်အတန်း မြှင့်တင်ပေးနိုင်ရန်အတွက် အခြေခံကျသည့် ကျောင်းကျန်းမာရေး လုပ်ငန်းများကို အဓိကဦးစားပေးလုပ်ငန်းအဖြစ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျောင်းသားလူငယ်များအနေဖြင့် ကျန်းမာရေးကို ထိခိုက်စေသည့် အမူအကျင့်များကို ရှောင်ရှားပြီး ကျန်းမာရေးနှင့်ညီညွတ်စွာ နေထိုင်ပြုမူ ရွေးချယ်စားသောက်တတ်စေရေးနှင့် ရောဂါကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို သိရှိနားလည်သဘောပေါက်စေရန် လိုအပ်ကြောင်းနှင့် နိုင်ငံတော်အတွက် ကောင်းမွန်သော လူ့စွမ်းအားအရင်းအမြစ်ဖြစ်သည့် ကျောင်းသားလူငယ်များ၏ ကျန်းမာရေးအဆင့်မြှင့်တင်ပေးနိုင်ရန် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ကျောင်းသားမိဘများနှင့် ပြည်သူများ အားလုံးပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ ပဲခူးမြို့ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) စိန်ထွန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက “တစ်ကိုယ်ရေသန့်ရှင်းကျန်းမာခြင်း” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် က ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ပြီး ကျောင်းကျန်းမာရေးသီတင်းပတ် အထိမ်းအမှတ် Video Clip အား ကြည့်ရှုအားပေးခဲ့ကာ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခမ်းအနား တက်ရောက်လာသည့် ကျောင်းသားလူငယ်များအား Vitamin(A) ဆေးလုံးများတိုက်ကျွေးခဲ့ပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကာ ကျောင်းကျန်းမာရေး အသိပညာပေးပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့‌‌ကြောင်း သိရသည်။


 မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)