လဲ့ဆန်း၊ ဩဂုတ် ၂၄
ယန်ဇီမြစ်၏ မြစ်လက်တက် သုံးခုတွင် စိုးရိမ်ဖွယ် မိုးခေါင်ရေရှားမှုကြောင့် ရေလယ်ဗယ်လျော့ကျမှုကြုံတွေ့နေပြီး တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်၊ လဲ့ဆန်းမြို့ အပြင်ဘက်တွင် တည်ရှိသော ယူနက်စကို (UNESCO) ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်သည့် လဲ့ဆန်း ဗုဒ္ဓရုပ်ပွားတော်ကြီး၏ အောက်ခြေပိုင်း ပေါ်ထွက်လာခဲ့ကြောင်း သိရသည်။
လဲ့ဆန်းတောင်ရှိ ကျောက်သားနံရံ၌ ထွင်းထုထားပြီး Minjiang, Qingyi နှင့် Dadu မြစ်သုံးစင်းဆုံရာနေရာ၌ တည်ရှိသော အဆိုပါ ဗုဒ္ဓရုပ်ပွားတော်အား တန်မင်းဆက် (၆၁၈-၉၀၇) အတွင်း၊ သက္ကရာဇ် ၇၁၃ အစပိုင်း နှစ် ၉၀ ကာလအတွင်း တည်ထားခဲ့ခြင်းဖြစ်သည်။
ကျန်းဆူး၊ အန်းဟွေး၊ ဟူပေ၊ ကျဲ့ကျန်း၊ ဖူကျန့်၊ ကျန်းရှီး၊ ဟူနန်၊ ကွေ့ကျိုး၊ ချုံချင့်၊ စီချွမ်း၊ ဆန်ရှီး၊ ကန်းစုနှင့် တိဗက်၏ တစ်စိတ်တစ်ပိုင်းနေရာများတွင် မိုးခေါင်ရေရှားမှုကို အလယ်အလတ်မှ ပြင်းထန်သောအဆင့်အထိ ကြုံတွေ့နေရကြောင်း အမျိုးသား မိုးလေဝသစင်တာ အရ သိရသည်။
Ref : (ဆင်ဟွာ)
https://t.me/MyanmarNationalPost



No comments:
Post a Comment