MNP - သြဂုတ် ၉
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် မွေးကင်းစ ၂ လမှ ၁ နှစ်ခွဲကလေးငယ်များအား ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးဦးစီး ဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆေးထိုးခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ပြီး ကလေးငယ်များအား ပေါင်ချိန် ချိန်ပေးခြင်းနှင့် ကျန်းမားရေးဝန်ထမ်းများက ဆေးလက်မှတ်များကို စစ်ဆေးခြင်း၊ အမည်စာရင်းရေးသွင်းခြင်းဖြင့် မွေးကင်းစ ၂ လမှ ၁ နှစ်ခွဲကလေးငယ်များကို (ဘီစီဂျီ) ပြင်းထန် ဝမ်းပျက်ဝမ်းလျှော(ရှီတာ)၊ ပိုလီယိုကာကွယ်ဆေး၊ ပြင်းထန် အဆုတ်ရောင်(ဘီစီဝီ)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ် ဆေး၊ ဂျပန်ဦးနှောက်ရောင်ရောဂါနှင့် ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေးများကို တစ်ဦး ချင်းအလိုက် ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
သတင်း - ဟင်နရီမီးကိုဆာ
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment