MNP - ဩဂုတ် ၉
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များစုစည်း၍ စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်စာပေချစ်မြတ်နိုးသူများ စုစည်း၍ စာရေးဆရာမ ပေါက်ပေါက် ရေးသားသည့် “အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးအကြောင်းနှင့် ကျန်းမာရေးသိမှတ်ဖွယ်ရာ အဖြာဖြာ” စာအုပ်ပါအကြောင်းအရာများကို စာရေးဆရာမ ပေါက်ပေါက် က ဦးဆောင်ဆွေးနွေးခဲ့ပြီး စာပေဝါသနာရှင်များက အပြန်အလှန် စာဖတ်ဝိုင်းပြုလုပ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်း - ခင်ငြိမ်းချမ်းဝင်း
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment