MNP - ဩဂုတ် ၈
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ အသက်(၅)နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးအေးမျိုးအောင်၊ တိုက်နယ်တာဝန်ခံ ဆရာဝန် ဒေါက်တာကျော်လင်းထွန်းနှင့် ကျေးလက်ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများပူးပေါင်းပြီး ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ အသက်(၅)နှစ်နှင့်အထက် ကျောင်းသား/သူများနှင့် ကျောင်းသားမိဘများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ပြီး ထို့သို့ထိုးနှံပေးရာတွင် 1st Dose၊ 2nd Dose နှင့် Booster Dose တို့ကို ထိုးနှံပေးခဲ့ကြောင်း တိုက်နယ်တာဝန်ခံဆရာဝန်က ပြောကြားသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment