ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် အိမ်တွင်းလက်မှုပညာ Bow ပြုလုပ်နည်း သင်တန်းပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် အိမ်တွင်းလက်မှုပညာ Bow ပြုလုပ်နည်း သင်တန်းပြုလုပ်



MNP - ဩဂုတ်   ၂၅


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်စေရေး အတွက်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီတွင်  အိမ်တွင်းလက်မှုပညာ (Bow) ပြုလုပ်နည်းသင်တန်းကို ဖွင့်လှစ်ပေးခဲ့သည်။


အဆိုပါသင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လှိုင်မြို့နယ် ဦးစီးမှူး ဦးကျော်ရဲအောင် က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားပြီး သင်တန်းနည်းပြဆရာမ ဒေါ်ပန်းအိအိခိုင် က သင်တန်းသားများအား အိမ်တွင်းလက်မှုပညာ (Bow) ပြုလုပ်နည်းကို စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။


ထို့နောက် သင်တန်းသူ၊ သင်တန်းသားများက သိလိုသည်များကို မေးမြန်းရာ သင်တန်းနည်းပြက ပြန်လည်ရှင်းပြပေးခဲ့ကြောင်း သိရသည်။


သတင်း - ကျော်ရဲအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)