ကိုးကိုးကျွန်းမြို့နယ် လူထုခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပထမအကြိမ် အခြေခံခဲပန်းချီသင်တန်း အခမဲ့သင်ကြားဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကိုးကိုးကျွန်းမြို့နယ် လူထုခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပထမအကြိမ် အခြေခံခဲပန်းချီသင်တန်း အခမဲ့သင်ကြားဖွင့်လှစ်




MNP - သြဂုတ်    ၂၆


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်တောင်ပိုင်းခရိုင်၊ ကိုးကိုးကျွန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community   Centre) ခန်းမတွင် ၁၉.၈.၂၀၂၂ ရက်နေ့ ညနေ (၁၇:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးတွင် ကျောင်းသားကျောင်းသူများအား ပထမအကြိမ်အခြေခံခဲပန်းချီသင်တန်း သင်ကြားဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။


အဆိုပါသင်တန်းဖွင့်ပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းထွန်းဇော်မှ အခြေခံခဲပန်းချီသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ရရှိလာမည့် အကျိုးကျေးဇူများကို ပြောကြားပြီး နည်ပြဆရာ ဦးမောင်မောင်ကျော်မှ အခြေခံခဲပန်းချီသင်ကြားရခြင်းနှင့် ပန်းချီဆွဲခြင်း၏ အကျိုးကျေးဇူးများနှင့် ပတ်သက်၍ ရရှိလာနိုင်သော အကျိုးကျေးဇူးများ စိတ်ရှည်သည်းခံလာနိုင်ခြင်း၊ အခြေခံမျဉ်းရေးဆွဲရာမှာ အထောက်အကူပြုခြင်း၊ ကျောင်းသင်ခန်းစာများအတွက် တစ်ဖတ်တစ်လမ်းမှ အထောက်အကူပြုခြင်း၊ တစ်ဦးနှင့်တစ်ဦး  ဖေးမကူညီပေး၍ စာနာစိတ်တရားရှိလာခြင်း၊ စိတ်ကိုအခြေခံ၍ ရေးဆွဲရသောကြောင့် စိတ်တည်ငြိမ်မှုရှိပြီး စိတ်ဓာတ်သန်မာလာခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် သင့်တင့်အောင်နေထိုင်တက်လာခြင်း၊ အရောင်အခြေခံ သဘောတရားများကို အလွယ်တစ်ကူနားလည်လာခြင်း စသည်အကျိုးကျေးဇူများ ရရှိလာနိုင်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။


အဆိုပါသင်တန်းကို ယမန်နေ့က သင်တန်းဆင်းပွဲပြုလုပ်ခဲ့ရာ ဆုရရှိသူများအား သင်တန်းနည်းပြ ဦးမောင်မောင်ကျော်နှင့် တာဝန်ရှိသူများက ဆုများပေးအပ်ခဲ့ပြီး သင်တန်းတက်ရောက်ခဲ့သူ ဦးရေ (၂၀)ဦး တက်ရောက်ခဲ့ပြီး အဆိုပါသင်တန်းကို (၁၉.၈.၂၀၂၂) ရက်နေ့မှ (၂၃.၈.၂၀၂၂) ရက်နေ့အထိ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)