စမ်းချောင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ “အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးအကြောင်းနှင့် ကျန်းမာရေး သိမှတ်ဖွယ်ရာအဖြာဖြာ” စာအုပ်ဖြင့်စာဖတ်ဝိုင်းကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

စမ်းချောင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ “အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးအကြောင်းနှင့် ကျန်းမာရေး သိမှတ်ဖွယ်ရာအဖြာဖြာ” စာအုပ်ဖြင့်စာဖတ်ဝိုင်းကျင်းပ



MNP - ဩဂုတ်  ၉


ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၌  စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များစုစည်း၍ စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်စာပေချစ်မြတ်နိုးသူများ စုစည်း၍ စာရေးဆရာမ ပေါက်ပေါက် ရေးသားသည့် “အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးအကြောင်းနှင့် ကျန်းမာရေးသိမှတ်ဖွယ်ရာ အဖြာဖြာ” စာအုပ်ပါအကြောင်းအရာများကို စာရေးဆရာမ ပေါက်ပေါက် က ဦးဆောင်ဆွေးနွေးခဲ့ပြီး စာပေဝါသနာရှင်များက အပြန်အလှန် စာဖတ်ဝိုင်းပြုလုပ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


သတင်း - ခင်ငြိမ်းချမ်းဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)