MNP - သြဂုတ် ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်နိုင်ဦးနှင့် ဝန်ထမ်းများက စာချွန်ခံရပ်ကွက်၌ ယမန်နေ့ညနေပိုင်းတွင် Door to Door စနစ်ဖြင့် အိမ်ထောင်စုစာရင်းများ ကွင်းဆင်းကောက်ယူခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့ကဲ့သို့ ဆောင်ရွက်ရာတွင် အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦး၊ မြို့နယ်လ.ဝ.က ဦးစီးအရာရှိနှင့် ဝန်ထမ်းများက စာချွန်ခံရပ်ကွက်တွင် Door to Door စနစ်ဖြင့် အိမ်ထောင်စုစာရင်းများ ကောက်ယူခြင်း၊ အိမ်ထောင်စုလူဦးရေ စာရင်းများမှန်ကန်စေရန်အတွက် Door to Door စနစ်ဖြင့် ဆောင်ရွက်ရာတွင် သေဆုံးသူများ ပယ်ဖျက်၍ မွေးဖွားသူများကို မွေးတိုးစာရင်း ဆောင်ရွက်ခြင်း၊ သေဆုံးသူများကို စာရင်းမှ ပယ်ထုတ်ခြင်း၊ အကွက်အပေါက် တိုက်ဆိုင်စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခြားကျန်ရှိသော ကျေးရွာများနှင့် ရပ်ကွက်များတွင်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အိမ်မဲမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်(၅)ရပ်ကွက်၊ ကျေးရွာအုပ်စု (၉၇) အုပ်စုနှင့် ကျေးရွာခွဲ (၅၀၅)ရွာရှိကြောင်း သိရသည်။
သတင်း - ချစ်သက်လယ်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment