ပေါက်တောမြို့ရှိ စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင် ပုံမှန်ငှားရမ်းပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါက်တောမြို့ရှိ စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင် ပုံမှန်ငှားရမ်းပေးလျက်ရှိ




MNP ၊ ဩဂုတ်  ၂၉

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း များက စာဖတ်၊ စာငှားအဆင်ပြေစေရေးနှင့် စာပေဖတ်ရှုမှုမြင့်မားရေးအတွက် ယနေ့ မွန်းလွဲပိုင်းက ပေါက်တောမြို့ရှိ ဦးမြဝါပန်းခြံတွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင် ပုံမှန်ငှားရမ်းပေးကြသည်။

အဆိုပါ Mobile Library စနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းခြင်းကြောင့် စာပေဖတ်ရှုသူများအတွက် အချိန်ကုန် သက်သာခြင်းနှင့် မိမိဖတ်ရှုလိုသည့် စာအုပ်များကို အလွယ်တကူဖတ်ရှုနိုင်ခြင်းတို့ကြောင့် Mobile Library စနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းခြင်း လုပ်ငန်းမှာ စာပေချစ်မြတ်နိုးသူများအတွက် အဆင်ပြေလျက်ရှိသည်။

ထို့ပြင် စာပေဖတ်ရှုမှုမြှင့်မားလာစေရေးနှင့် စာအုပ်စာပေမှ ဗဟုသုတရရှိစေရန်အတွက် ပေါက်တောမြို့ အတွင်းရှိ ဌာနဆိုင်ရာများနှင့် ရပ်ကွက်များသို့ သုတ၊ ရသ စာအုပ်စာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်း၍ ငှားရမ်းပေးလျက်ရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)