MNP ၊ သြဂုတ်
ယမန်နေ့ည ၉ နာရီ ဝန်းကျင်က တန့်ဆည်မြို့နယ် မူးတိမ်၊ မူးခွကျေးရွာများကို NLD အစွန်းရောက် PDF အကြမ်းဖက်အုပ်စုက လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဒေသခံတစ်ဦးက " ၉ နာရီ ၉နာရီခွဲ လောက်အထိပေါ့။ အားလုံး ၈ ချက် ပစ်တယ်။ အက်ကြီးကျေးရွာကနေ ပစ်တာပါ။ အဲဒီရွာမှာ က PDF အကြမ်းဖက်သမားတွေက လက်လုပ်စိန်ပြောင်း လုပ်တာ အောင်မြင်ထားတယ်။ ကြာပြီ။ မနေ့ညက ပစ်တာ ရွာနဲ့ မလှမ်းမကမ်းကို ကျတယ်။ လူထိခိုက်မှုတော့ မရှိဘူး။" ဟု ပြောသည်။
မူးတိမ်ကျေးရွာမှ ဒေသခံတစ်ဦးက "ကျွန်တော်တို့ရွာဘက်ကို ၅ချက် ပစ်တယ်။ ရွာထဲကို မကျဘူး။ အက်ကြီးရွာ၊ ထန်းပင်ဆိပ်ရွာတွေမှာက PDF လွှမ်းမိုးထားတာ။ အဲဒီရွာတွေကနေ လှမ်းပစ်နေတာပါ။" ဟု ပြောသည်။
မူးတိမ်ရွာအတွင်း လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်ခဲ့ပြီး ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့မှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ပြည်သူ့စစ်မရှိသည့်ကျေးရွာများတွင် PDF အကြမ်းဖက်သမားများက လွှမ်းမိုးထားဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
တန့်ဆည်မြို့နယ်အတွင်းရှိ ဖက်သန်းကုန်း၊ ထန်းပင်ဆိပ်၊ ကွမ်းအိုင်၊ ရွာရှည်၊ ကာပေါင်းကျ၊ အက်ကြီး၊ အောင်စွာ၊ သာဂရ ကျေးရွာများတွင် PDF အကြမ်းဖက်အဖွဲ့ဝင်များ လက်လုပ်စိန်ပြောင်းများ ကိုင်ဆောင်ထားကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment