မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၌ ဖက်ရေတောကျေးရွာဘုန်းတော်ကြီးကျောင်းမှ ဆရာတော် ဘဒ္ဒန္တကုသလအား PDF အမည်ခံအကြမ်းဖက်သမားများက ဒလန်ဟုစွပ်စွဲကာ ဖမ်းဆီးခေါ်ဆောင်၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၌ ဖက်ရေတောကျေးရွာဘုန်းတော်ကြီးကျောင်းမှ ဆရာတော် ဘဒ္ဒန္တကုသလအား PDF အမည်ခံအကြမ်းဖက်သမားများက ဒလန်ဟုစွပ်စွဲကာ ဖမ်းဆီးခေါ်ဆောင်၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်


MNP ၊ ဇူလိုင် ၃၁

နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ် အေးချမ်းမှုပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာအဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများအား အကြမ်းဖက်ဖောက်ခွဲ မှုများပြုလုပ်ခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခြင်းနှင့် နိုင်ငံ့ဝန်ထမ်းများအား ရက်စက်စွာ လုပ်ကြံ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အထွဋ်အမြတ် ထားရာ သာသနာပိုင်အဆောက်အဦများ၊ ဘုန်းတော်ကြီးကျောင်းများကိုပါ အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခြင်းများအား စိတ်နှလုံးညှိုးနွမ်းဖွယ် ရက်စက်စွာ ပြုလုပ်နေကြသည်ကို တွေ့ရှိရသည်။


ထိုသို့ပြုလုပ်လျက်ရှိရာတွင် ဇူလိုင်လ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်တွင် မကွေးတိုင်း ဒေသကြီး၊ မြို့သစ်မြို့နယ်၊ အိုင်မကျေးရွာ၊ ရှားပင်ရေခဲတိုက်နှင့် ရိုးနဂါးပေါက်တဲတိုက်သွား လမ်းဆုံ၌ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရ၍ သံဃာတစ်ပါးပျံလွန်တော်မူသွားခဲ့ကြောင်း သတင်း အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဖက်ရေတောကျေးရွာဘုန်းတော်ကြီး ကျောင်းမှ ဆရာတော် ဘဒ္ဒန္တကုသလ သက်တော်(၅၁)နှစ်သည် အဆိုပါဘုန်းတော်ကြီးကျောင်း၌ တစ်ပါးတည်းသီတင်းသုံးနေစဉ် PDF အမည်ခံ အကြမ်းဖက်သမားများ ရောက်ရှိလာပြီး  ဆရာတော် အား ဖမ်းဆီးခေါ်ဆောင်ခေါ်ကာ အခင်းဖြစ်နေရာအရောက် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ဆရာတော်တွင် သေနတ်ထိမှန်ဒဏ်ရာများရရှိကာ ပျံလွန် တော်မူသွားခဲ့ကြောင်း သိရသည်။


အကြမ်းဖက်သမားများ၏ အကြောင်းမဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် နိုင်ငံတော်အတွင်း သံဃာတော် ၅၃ ပါးနှင့် သီလရှင်ဆရာကြီး ၁ ပါးတို့ ဘဝနတ်ထံပျံလွန်တော်မူခဲ့ပြီး အထက်ပါ ဖြစ်စဉ်မှ သာသနာ့အနွယ်ဝင်သံဃာတော်အား ဘုန်းကြီးကျောင်းအတွင်း ဝင်ရောက်သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)