သံဃာနှင့် သီလရှင် အပါး(၅၀၀) ဘုံဆွမ်းလောင်းလှူသည့် ရမည်းသင်းမြို့က သမာဓိရွှေဆိုင်ကို PDF အကြမ်းဖက်အဖွဲ့က ခြိမ်းခြောက်စာပို့ - Myanmar National Post

Myanmar National Post

News Agency

Breaking

သံဃာနှင့် သီလရှင် အပါး(၅၀၀) ဘုံဆွမ်းလောင်းလှူသည့် ရမည်းသင်းမြို့က သမာဓိရွှေဆိုင်ကို PDF အကြမ်းဖက်အဖွဲ့က ခြိမ်းခြောက်စာပို့



MNP ၊ သြဂုတ် ၃၁

ရမည်းသင်းမြို့က သမာဓိရွှေဆိုင်မိသားစုမှ သံဃာနှင့် သီလရှင် အပါး(၅၀၀)တို့ကို ဘုံဆွမ်းလောင်းလှူပြီး တစ်ပါးကို ဝတ္ထုငွေ(၅၀၀ဝိ)စီ လှူခဲ့ရာ ထိုသို့ လှူဒါန်းသည့်အပေါ် PDF အစွန်းရောက် အကြမ်းဖက်သမားများက ဖုန်းဆက်ခြိးခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

"လှူလို့တဲ့ PDF တွေက ခြိမ်းခြောက်စာပို့တယ်။ ဖုန်းအရင်ဆက်ပြီး ခြိမ်းခြောက်ကာ ပိုက်ဆံညှစ်တာပါ။ မပေးလို့ ဖုန်းမက်ဆေ့စာပို့တာပါ။ ပို့တဲ့စာက -

"ကျွန်တော်တို့ ကောင်းကောင်းမွန်မွန်ပြောတယ်နော်။ ဦးလေးတခုခု ဖြစ်သွားလိမ့်မယ်။ ဟုတ်ပီဗျ။ ဒါပါပဲ။ တာဝန်မယူတော့ဘူးဗျ။ လုပ်စရာရှိတာပဲ ဆက်လုပ်မယ်။ လုပ်စရာရှိတာပဲ ဆက်လုပ်မယ်။ ကျုပ်တို့ PDFက မိန့်ပြန်ထားလို့နော်။" ဟု ပို့ကာခြိမ်းခြောက်လာကြောင်း သိရသည်။

PDF အကြမ်းဖက်သမားများ၏ လုပ်ရပ်အပေါ် "ဘာသာ သာသနာကို ရိုက်ချိုးဖျက်ဆီးခြင်းဟာ အကြိမ်ပေါင်းလည်း မနည်းတော့ပါဘူး။  အဲ့တော့ ညီညီညွတ်ညွတ်နဲ့ လက်တွဲညီညီ ရှေ့ဆက်ကြဘို့ လိုနေပြီ။ နိုင်ငံတော် တာဝန်ရှိသူ အကြီးအကဲတွေ အနေနဲ့လည်း ဘာသာရေးနဲ့ ပတ်သက်ပြီး ဒီထက်မက ပို၍ အလေးအနက်ထား ဆောင်ရွက်ကြပါလို့ တိုက်တွန်းပါတယ်။" ဟု ဆရာတော်တစ်ပါးက မိန့်ကြားထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)