MNP - ဩဂုတ် ၅
မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် တူယှဉ်နွှဲပျော်ဂီတပွဲတော် Season -2 ပါဝင်ယှဉ်ပြိုင်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၃ ရက် ညနေ့ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်က မြို့နယ်အဆင့် ကိုယ်စားပြု ယှဉ်ပြိုင်နိုင်ရေး ပြိုင်ပွဲဝင် ဆန်ခါတင်များအား ရွေးချယ်သွားရန် ရွေးချယ်ထားသည့် ပြိုင်ပွဲဝင် အမည်စာရင်းအား ကိုယ်ရေးအချက်အလက်များ ပြည့်စုံစွာ ဖြည့်စွက်၍ သတ်မှတ်ရက်အရောက် ပေးပို့ကြရန် အမှာစကား ပြောကြားသည်။
ဝါသနာရှင် ဦးတင်စိုးမှ သတ်မှတ်အရည်အချင်းရှိသူများအား အသံစမ်း ရွေးချယ်သွားမည်ဖြစ်ပြီး လိုအပ်သည့် လေ့ကျင့်မှုများကိုလည်း ကူညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ ပြိုင်ပွဲဝင်များ အချိန်မီရရှိရေး ကို ဆောင်ရွက်သွားမည် ဖြစ်သည်။
တူယှဉ်နွှဲပျော် ဂီတပွဲတော် ယှဉ်ပြိုင်ရာတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူ၊ အသက်(၃၀)နှစ်ထက် မကြီးသူ(ပြိုင်ပွဲများတွင် ဆုရရှိဖူးခြင်း မရှိသူ) ဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။
သတင်း - မွန်မလေး
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment