မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ကျိုက်ထိုမြို့နယ်၊ ကျူချောင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှိ (၂၄၀×၄၀) ပေ Steel Structure ပညာဒါန နှစ်ထပ်ကျောင်းဆောင်သစ် ပေးအပ်လှူဒါန်းပွဲ အခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ကျိုက်ထိုမြို့နယ်၊ ကျူချောင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှိ (၂၄၀×၄၀) ပေ Steel Structure ပညာဒါန နှစ်ထပ်ကျောင်းဆောင်သစ် ပေးအပ်လှူဒါန်းပွဲ အခမ်းအနား တက်ရောက်


             





MNP - ဩဂုတ်   ၂၅


မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများသည် ယမန်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ်၊ ဇွဲကပင်ဆရာတော် ဗဟုဇနဟိတဓရ (ဓမ္မကထိက)၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တကဝိဓဇ ဆရာတော်ကြီးမှ ကျပ်သိန်း(၃၄၆၅)ဖြင့် ဆောက်လုပ်လှူဒါန်းသည့် ကျိုက်ထိုမြို့နယ်၊ ကျူချောင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှိ (၂၄၀× ၄၀) ပေ Steel Structure ပညာဒါန  နှစ်ထပ်ကျောင်းဆောင်သစ် ပေးအပ်လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။


ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွက်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များထံ ငါးပါးသီလ ခံယူဆောက်တည်၍ ဆောက်လုပ်လှူဒါန်းသည့် ကျောင်းဆောင်သစ်အား ပညာရေးဌာနသို့ လွဲပြောင်းအပ်ခဲ့ပြီး ဇွဲကပင်ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တကဝိဓဇ ဆရာတော်ကြီးထံသို့ ဂုဏ်ပြုမှတ်တမ်းလွှာအား ဆက်ကပ် ပူဇော်ကာ ခရိုင်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးတို့မှ ကျေးဇူးတင် ဝမ်းမြောက်စကား ပြောကြားခဲ့ပါသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးတို့မှ ကျောင်းသား၊ ကျောင်းသူများအတွက် ကိုယ်လက်လှုပ်ရှားအားကစား လုပ်ဆောင်နိုင်ရန် အားကစားပစ္စည်းများနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ကာ ဆရာတော်ကြီးထံ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆိပ္ဖူးတောင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ ရောက်ရှိပြီး ဆရာတော်ကို ဖူးမျှော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကာ ဘုန်းတော်ကြီးသင်ကျောင်း၌ အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့်အထက်တန်းကျောင်းများ ဖွင့်လှစ်၍ ပညာသင်ကြားနေမှု အခြေအနေများကို မေးမြန်းလျှောက်ထားပြီး အားကစားပစ္စည်းများနှင့် ကိုဗစ်- ၁၉ ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့‌ကြောင်း သိရသည်။


သတင်း - ဝင်းမောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)