ကန့်ဘလူမြို့ လူထုအခြေပြုဗဟိုဌာန၌ လူငယ်နှင့်အားကစား အသိပညာပေး Talk Show ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကန့်ဘလူမြို့ လူထုအခြေပြုဗဟိုဌာန၌ လူငယ်နှင့်အားကစား အသိပညာပေး Talk Show ဆောင်ရွက်



MNP - ဩဂုတ်   ၁၈


အများပြည်သူ အသိပညာဗဟုသုတ တိုးပွားရရှိစေရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အသိပညာပေး Talk Show များဆောင်ရွက်ပေးလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်နှင့်အားကစား အသိပညာပေး Talk Show အစီအစဉ်ကို လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ Talk Show အစီအစဉ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နန်းမြင့်က လူငယ်နှင့်အားကစား အသိပညာပေး ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။


ယင်းနောက် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန တာဝန်ခံဒေါ်ငွေဆွေတာယာက လူငယ်လူရွယ်များအနေဖြင့် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ဖို့ ကိုယ်လက်လှုပ်ရှားအားကစား အထူးအရေးကြီးပုံများ၊ ခန္ဓာကိုယ်အတွက် အလိုအပ်ဆုံး အစားအစာများ၊ ရေလိုအပ်ချက်အခြေအနေများ၊ ခန္ဓာကိုယ်ကြီးထွားဖို့အတွက် လိုအပ်ချက်များ၊ ဌာနအနေဖြင့် လက်ရှိဆောင်ရွက်နေမှုအ‌ခြေအနေများ၊ အားကစားနှင့်လူငယ်ရေးရာ ဟောပြောပွဲများ၊ အားကစားနှင့်ပညာရေးဆိုင်ရာအကြောင်းအရာများ၊ အားကစားသမားများ ဒဏ်ရာအနာတရဖြစ်ပေါ်ပါက အနားပေးရန်လိုအပ်ကြောင်းနှင့် အားကစားသင်တန်းများ ဖွင့်လှစ်ပေးနေမှုအခြေအနေများကို ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။


သတင်း - အောင်ဝင်းငြိမ်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)