ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးလုပ်ငန်းဆောင်ရွက်မည့် True World Co.,Ltd Managing Director နှင့်အဖွဲ့အားလက်ခံတွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးလုပ်ငန်းဆောင်ရွက်မည့် True World Co.,Ltd Managing Director နှင့်အဖွဲ့အားလက်ခံတွေ့ဆုံ





MNP - ဩဂုတ်   ၁၇


ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ကရင်ပြည်နယ်အတွင်းလျှပ်စစ်ဓာတ်အား ပြည့်ဝစွာရရှိနိုင်ရေးအတွက်ဒေသတွင်း အမေရိကန်ဒေါ်လာသန်းပေါင်း ၁၀၀ ခန့် ရင်းနှီးမြှုပ်နှံ၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လိုသည့် True World Co.,Ltd အား ယမန်နေ့နံနက် ၁၁ နာရီခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံခဲ့သည်။


ထိုသို့တွေ့ဆုံရာတွင် True World Co.,Ltd ၏ Managing Director ဖြစ်သူ ဦးစိုးဇေယျာက လှိုင်းဘွဲမြို့နယ်၊ ရေဘုတ်ရေလှောင်တမံတွင် Floating System ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် လျှပ်စစ်ဓါတ်အားထုတ်လုပ်ခြင်း တိုးတက်လုပ်ဆောင်နေမှုအခြေအနေ၊ မူလတင်ပြထားသော ရေဘုတ်ရေလှောင်တမံ၌ လျှပ်စစ်ဓါတ်အား Floating 50 MW အပြင် အခြားသင့်လျှော် သောနေရာတစ်ခု၌ Ground Mounted 100 MW (၁၀၀ မီဂါဝပ်)ထုတ်လုပ်နိုင်ရေး ညှိနှိုင်းပြင်ဆင် ဆောင်ရွက်ထားမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အမြန်ဆုံးအကောင်အထည်ဖော် ဆောင် ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)