လေးမျက်နှာမြို့နယ် လှော်ကထားကျေးရွာအုပ်စု စိန်တောင်ကျေးရွာတွင် VRFP စီမံကိန်း ရန်ပုံငွေ ထုတ်ချေးပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

လေးမျက်နှာမြို့နယ် လှော်ကထားကျေးရွာအုပ်စု စိန်တောင်ကျေးရွာတွင် VRFP စီမံကိန်း ရန်ပုံငွေ ထုတ်ချေးပေး




MNP - ဩဂုတ်   ၁၇


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လှော်ကထားကျေးရွာအုပ်စု စိန်တောင်ကျေးရွာတွင် ယမန်နေ့ နံနက်ပိုင်း၌ VRFP စီမံကိန်း ရန်ပုံငွေထုတ်ချေးပေးခဲ့သည်။


ရှေးဦးစွာ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန စီမံကိန်း တာဝန်ခံ ဝန်ထမ်းများမှ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းဝင်အသင်းသား အသင်းသူများ၊ ကျေးရွာကော်မတီဝင်များနှင့်တွေ့ဆုံကာ ကျေးလက်နေပြည်သူများ၏ ဝင်ငွေလျှော့နည်းလာမှု နှင့် တွေ့ကြုံနေရသော အခက်အခဲများကို ကုစားပေးနိုင်ရန်၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် လာစေရန် ရည်ရွယ်၍ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း အရင်းမပျောက် မတည်ရန်ပုံငွေများကို နေ့ချင်းပြီး ထုတ်ချေးပေးခြင်းဖြစ်ကြောင်းနှင့် စီမံကိန်းရန် ပုံငွေများ မပျောက်ပျက်အောင် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းအဖွဲ့ဝင်များက စနစ်တကျထိန်းသိမ်းရန်နှင့် စာရင်းဇယားများ စနစ်တကျဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။ ထို့နောက် VRFP စီမံကိန်း ရန်ပုံငွေ ထုတ်ချေးခြင်း တတိယအကြိမ်အဖြစ်  စိန်တောင်ကျေးရွာနေ စိုက်ပျိူးရေး၊ မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူ(၉၁)ဦးအား ငွေကျပ်(၃၁၈)သိန်းကို နေ့ချင်းပြီး ထုတ်ချေးပေးခဲ့သည်။


အဆိုပါ VRFP စီမံကိန်းရန်ပုံငွေထုတ်ချေးခြင်းကို လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးကျော်သူ ဦးဆောင်၍ ဝန်ထမ်းများမှ ပြည်သူများအား ကိုဗစ်-၁၉လမ်းညွှန်ချက်များနှင့်အညီ ထုတ်ချေးပေးခဲ့ခြင်း ဖြစ်သည်။


သတင်း - ကျော်ဟိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)