MNP ၊ စက်တင်ဘာ ၂၂
နှစ်နိုင်ငံနယ်စပ်အနီး ပြဿနာရှာနေသော AA စခန်းအား ရှင်းလင်းနေကြောင်း မေယုဌာနေသတင်းဖော်ပြချက်အရ သိရသည်။
မောင်တောမြို့ နှစ်နိုင်ငံနယ်စပ်ခြံစည်းရိုးအနီး ကွမ်းသီးပြင်ရွာ၌ စခန်းချကာ နတ်မြစ်အတွင်းသွားလာနေသော စက်လှေ၊ လှောင်းလှေများအား ဆက်ကြေးကောက်ခြင်း၊ မပေးပါက နှစ်နိုင်ငံစစ်ရေးတင်းမာလာစေရန်ရည်ရွယ်၍ ပစ်မြုပ်ခြင်းများလုပ်နေသည့် AA စခန်းအား ယနေ့ နေ့လည် ၁၂ နာရီကျော်မှစ၍ တိုက်ခိုက်ရှင်းလင်းနေကြောင်း သိရှိရသည်။
AAအဖွဲ့သည် ARSA အကြမ်းဖက်အဖွဲ့နှင့် ပူးပေါင်း၍ လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်နေမှုနှင့် ပတ်သက်ပြီး သတင်းမှန် ထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ပြီးနောက် AA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာပေးရန် တောင်းဆိုမှုများ ရှိနေသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment