ရခိုင်ပြည်နယ် မောင်တောမြို့၌ စစ်ကိုင်း B.Ed သင်တန်း ဝင်ခွင့်စာမေးပွဲ ဖြေဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ စစ်ကိုင်း B.Ed သင်တန်း ဝင်ခွင့်စာမေးပွဲ ဖြေဆို



MNP - စက်တင်ဘာ  ၂၅


ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် စစ်ကိုင်း B.Ed (၅)နှစ်သင်တန်း၊ အမှတ်စဉ်(၁၀) ဝင်ခွင့်စာမေးပွဲ ဖြေဆိုခြင်းကို ယမန်နေ့ နံနက် ၉ နာရီ စတင်၍ ကျင်းပခဲ့ရာ  နံနက်ပိုင်းက မြန်မာစာဘာသာရပ်နှင့် နေ့လယ်ပိုင်းတွင် အင်္ဂလိပ်စာဘာသာရပ်တို့အား ဖြေဆိုခဲ့ကြသည်။


ယင်းသို့ ဖြေဆိုရာတွင် မောင်တောမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် စစ်ကိုင်း B.Ed (၅)နှစ်သင်တန်း၊ အမှတ်စဉ်(၁၀) ဝင်ခွင့်စာမေးပွဲ ရေးဖြေဖြေဆိုသူ စာရင်းရှိ အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၂၈ ဦး စုစုပေါင်း ၄၂ ဦးရှိသည့် အနက်  မြန်မာစာနှင့် အင်္ဂလိပ်စာဘာသာတို့အား ဝင်ရောက် ဖြေဆိုသူပေါင်း အမျိုးသား (၇)ဦး နှင့် အမျိုးသမီး(၂၂)ဦး ပေါင်း(၂၉) ဦးရှိပြီး ဖြေဆိုမှု ပျက်ကွက်သူ အမျိုးသား(၇) ဦး၊ အမျိုးသမီး (၆)ဦး စုစုပေါင်း (၁၃)ဦး ဖြေဆိုရန် ပျက်ကွက်ခဲ့ကြကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။


သတင်း - သက်လွင်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)