၂၀၂၂-၂၀၂၃ ခုနှစ်ဆောင်းသီးနှံနေကြာ တိုးချဲ့စိုက်ပျိုးမည့် ကျေးရွာအုပ်စုများအား တာဝန်ပေးအပ်ပွဲနှင့် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂-၂၀၂၃ ခုနှစ်ဆောင်းသီးနှံနေကြာ တိုးချဲ့စိုက်ပျိုးမည့် ကျေးရွာအုပ်စုများအား တာဝန်ပေးအပ်ပွဲနှင့် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကျင်းပ



MNP - စက်တင်ဘာ   ၂၂


ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် ၂၀၂၂ -၂၀၂၃ ခုနှစ်ဆောင်းသီးနှံ နေကြာတိုးချဲ့စိုက်ပျိုးမည့် ကျေးရွာအုပ်စုများအား တာဝန်ပေးအပ်ပွဲနှင့် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နေ့လည်ပိုင်းက ပြုလုပ်ခဲ့သည်။


တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးကျော်စွာထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းစိုးက တက်ရောက်လာသော တောင်သူများအနေဖြင့် ဆီထွက်သီးနှံဖြစ်သော နေကြာအား တိုးချဲ့စိုက်ပျိုးကြရန်၊ ဆောင်းသီးနှံ နေကြာကိုတိုးချဲ့ စိုက်ပျိုးခြင်းဖြင့်  စိုက်ပျိုးတောင်သူများ တစ်ဦးခြင်း၏ ဝင်ငွေသည်လည်းတိုးလာမည်ဖြစ်ကြောင်း၊ တောင်သူများ လိုအပ်ချက်ဖြစ်သော မျိုးမှန်ရရှိရေး၊ စိုက်ချိန်အမှိ မျိုးရရှိရေးတို့အတွက် သက်ဆိုင်ရာ စိုက်ပျိုးရေးဦးစီးဌာနများမှ ကူညီပံ့ပိုးခြင်း၊ နည်းပညာများဖြန့်ဝေခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး မြို့နယ်စိုက် ပျိုးထုတ်လုပ်မူတိုးတက် မြင့်မားရေး ကြီးကြပ်မူကော်မတီ အတွင်းရေးမှူး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးမင်းလွင်ဦးမှ ဟင်္သာတမြို့နယ်ရှိ ကျေးရွာအုပ်စု ၁၁၀ တွင် တောင်သူ (၆,၉၇၆)ဦးရှိပြီး၊ ဆောင်းနေကြာကို စုစုပေါင်း(၁၉,၁၆၆)ဧက စိုက်ပျိုးရန်လျာထား ခဲ့ကြောင်း၊ ယခုအချိန်ထိ မျိုးစုဆောင်းထားရှိမှု အခြေအနေနှင့် ထပ်မံလိုအပ်ချက်၊ ဓာတ်မြေသြဇာ လိုအပ်ချက်တို့အား လည်းကောင်း၊ မျိုးကောင်းမျိုးသန့် အချိန်မီ စုဆောင်းစိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်ထားမူများအား ရှင်းလင်းတင်ပြပြီး၊ တက်ရောက်လာသော ကျေးရွာအုပ်စု တောင်သူများကိုယ်စား ရှားခဲတိုက်နယ်၊ ဓမ္ဘီတိုက်နယ်၊ နတ်မော်တိုက်နယ်တို့မှ တောင်သူတို့အား တာဝန်ရှိသူများက စီမံကိန်းတာဝန်များ အသီးသီး ပေးအပ်ခဲ့သည်။


အဆိုပါ အခမ်းအနားသို့ မြို့နယ်အဆင့် စိုက်ပျိုးထုတ်လုပ်မူ တိုးတက်မြင့်မားရေးနှင့် လုပ်ငန်းအကောင် အထည်ဖော်ဆောင်ရွက်ရေး ကြီးကြပ်မူ ကော်မတီဝင်များ၊ ဒေသခံတောင်သူများ စုစုပေါင်း (၂၅၀)ဦး တက်ရောက် ခဲ့ကြောင်း သိရသည်။


သတင်း - ကိုဇော် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)