၂၀၂၂-၂၃ ဘဏ္ဍာနှစ်အတွင်း ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ပလက်ဖောင်းရေမြောင်းပြုလုပ်ခြင်းနှင့် ကွန်ကရစ်လမ်းတိုးချဲ့ခြင်း လုပ်ငန်းများကို စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂-၂၃ ဘဏ္ဍာနှစ်အတွင်း ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ပလက်ဖောင်းရေမြောင်းပြုလုပ်ခြင်းနှင့် ကွန်ကရစ်လမ်းတိုးချဲ့ခြင်း လုပ်ငန်းများကို စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်



MNP -  စက်တင်ဘာ   ၁၇


ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏လမ်းညွှန်မှုဖြင့် ပုသိမ်မြို့နယ်၊ စည်ပင်သာယာရေး အဖွဲ့က ၂၀၂၂-၂၃ ဘဏ္ဍာနှစ်အတွင်း ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အောင်ဧရာ(ဘူတာ)ဈေးနေအိမ်များ၏ ရှေ့ရှိ ပလက်ဖောင်းရေမြောင်းပြုလုပ်ခြင်းနှင့် ကွန်ကရစ်လမ်းတိုး ချဲ့ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။


ပလက်ဖောင်းရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းကို(၈၃၅'×၃'×၃') နှင့် ကွန်ကရစ်လမ်းတိုးချဲ့ခြင်း လုပ်ငန်း(၁၀၇၀၀ စတုရန်းပေ)တို့အား တင်ဒါအောင်မြင်သည့် Royal new way Co;ltd မှ ဆောင်ရွက်လျက်ရှိရာ ကွန်ကရစ်လမ်းတိုးချဲ့ခင်းရန်နှင့် အုတ်ရေမြောင်းပြုလုပ်ခြင်းတို့အတွက် မြေကြီးတူးဖော်ခြင်းနှင့် အုတ်ရေမြောင်း ပြုလုပ်ခြင်းလုပ်ငန်းများကို (၉.၉.၂၀၂၂)ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဤသို့ ပလက်ဖောင်းရေမြောင်းပြုလုပ်ပြီး ကွန်ကရစ်လမ်းတိုးချဲ့ခြင်းကြောင့် ရေစီးရေလာ ပိုမိုကောင်းမွန်ပြီး အောင်ဧရာဈေးရှေ့တွင် ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းသွားမည်ဖြစ်ကာ ဈေးရောင်းချသူနှင့်ဈေးဝယ်သူများ အဆင်ပြေစေရေးအတွက် ယခုကဲ့သို့ ဆောင်ရွက်ပေးခြင်းဖြစ် ကြောင်း သိရသည်။


သတင်း - မြင့်ဟန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)