ကချင်ပြည်နယ်ဝန်ကြီးချုပ် ဖူဆယ်ဒိုင်သင်တန်းဆင်းပွဲနှင့် ဖိတ်ခေါ်ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲသို့ တက်ရောက်ဆုချီးမြှင့်၊ လေဆိပ်သန့်ရှင်းသာယာလှပရေး ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဖူဆယ်ဒိုင်သင်တန်းဆင်းပွဲနှင့် ဖိတ်ခေါ်ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲသို့ တက်ရောက်ဆုချီးမြှင့်၊ လေဆိပ်သန့်ရှင်းသာယာလှပရေး ကွင်းဆင်းစစ်ဆေး

 


MNP - စက်တင်ဘာ   ၁၉


ကချင်ပြည်နယ်ဖူဆယ်အားကစား နည်းပညာဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ၂၀၂၂ ခုနှစ်၊ မြစ်ကြီးနားခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ကချင်ပြည်နယ်လက်ရွေးစင် Old Star အဖွဲ့နှင့် ပြည်နယ်ဖူဆယ်ဆပ် ကော်မတီတို့ ပူးပေါင်း၍ မြန်မာနိုင်ငံဖူဆယ်အဖွဲ့ချုပ် ဒိုင်လူကြီးများအား ဖိတ်ခေါ်ပြီး ဖူဆယ်ဒိုင်သင်တန်း ဆင်းပွဲနှင့် ဖိတ်ခေါ်ဖူဆယ်ဘောလုံးပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကို ယမန်နေ့ ညနေ ၃ နာရီခွဲက မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ နောင်ရာဖူဆယ်ကွင်း၌ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ ကချင်ပြည်နယ် ဖူဆယ်ကော်မတီနာယက ဦးလအောင်က ဖိတ်ခေါ်ဖူဆယ်ဘောလုံး ပြိုင်ပွဲကျင်းပ ရခြင်း၏ ရည်ရွယ်ချက်များနှင့် မြန်မာနိုင်ငံဖူဆယ်အဖွဲ့ချုပ် ဒိုင်လူကြီးနှင့် ပူးပေါင်း၍ ဖူဆယ်ဒိုင်သင်တန်း ဖွင့်လှစ်ပေးခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြိုင်ပွဲကျင်းပရေး ကော်မတီအတွက် ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။


ထို့နောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဝဏ္ဏကျော်ထင်ဦးတူးဂျာ၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နောင်ရာ FC အသင်းနှင့် PURE FC အသင်း ဗိုလ်လုပွဲယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြရာ နောင်ရာ FC အသင်း ၈ ဂိုး ၄ ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲသည်။


ယင်းနောက် ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းနား ဆက်လက်ကျင်းပရာ ပြည်နယ်အားကစားနှင့်ကာယ ပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် ပြည်နယ်ဘောလုံးဆပ်ကော်မတီဥက္ကဋ္ဌတို့က ဖူဆယ်ဒိုင်သင် တန်းနည်းပြဆရာအား ဂုဏ်ပြုလက်ဆောင်နှင့် ဒိုင်သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ခဲ့ကြပြီး ပြည်နယ်ဥပဒေချုပ်က ပွဲစဉ် တစ်လျှောက် နေရာအလိုက် အကောင်းဆုံးကစားသမားဆုများကို လည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက တတိယဆုရအသင်းနှင့် ဒုတိယဆုရအသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားနှင့် ဆုဖလား များကိုလည်းကောင်း အသီးသီးဆုများပေးအပ် ချီးမြှင့်ခဲ့ကြသည်။


ဆက်လက်၍ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က ပထမဆုရ နောင်ရာ FC အသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က ဖိတ်ခေါ်ဖူဆယ်ဘောလုံးပြိုင်ပွဲ တံခွန်စိုက်ဆုဖလားအား လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြသည်။


အဆိုပါ ဖိတ်ခေါ်ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ဒိုင်သင်တန်းကို ပြည်နယ်ဖူဆယ်ဆပ်ကော်မတီအနေဖြင့် ပြည်နယ်၏ ဖူဆယ်ဘောလုံးအားကစားနည်းပညာတိုးတက်မြှင့်လာရေး၊ အားကစားသမားများ ပေါ်ထွန်းလာ ရေး၊ စနစ်ကျသောဒိုင်လူကြီးများ မွေးထုတ်ပေးနိုင်ရေးတို့အတွက် မြန်မာနိုင်ငံ ဖူဆယ်အဖွဲ့ချုပ် ဒိုင်လူကြီး များနှင့် မြန်မာ့လက်ရွေးစင်ဖူဆယ်ကစားသမားများအား ဖိတ်ခေါ်၍ ဘောလုံးပြိုင်ပွဲ ၁၄.၉.၂၀၂၂ ရက်မှ စတင်၍ အသင်းပေါင်း (၂၃)သင်းဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဘောလုံးပြိုင်ပွဲနှင့် အတူ ဒိုင်သင်တန်းကို (၁၄.၉.၂၀၂၂) ရက်နေ့မှ (၁၈.၉.၂၀၂၂)ရက်နေ့အထိ စာတွေ့လက်တွေ့ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


အလားတူ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်တို့သည် စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနား လေဆိပ်ဝင်းအတွင်း မြေယာအလှပြုပြင်၍ မြက်စိုက်ခြင်း၊ အရိပ်ရသစ်ပင်ကြီးများနှင့် အလှပန်းပင်များ စိုက်ပျိုးခြင်း၊ ကားထားသည့်ဝင်းအတွင်းရှိ လမ်းလယ်ကျွန်းများတွင် မြေယာပြုပြင်၍ အရိပ်ရအပင်များနှင့် အလှပန်းပင်များ စိုက်ပျိုးဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က ပြည်နယ်မြို့တော် ဝင်ပေါက်ဖြစ်သည့် လေဆိပ်အား အမြဲသန့်ရှင်းသာယာလှပပြီး သစ်ပင်ပန်းမံ များဖြင့် စိမ်းလန်းစိုပြေ‌လာစေရန် ဆောင်ရွက်သွားရေး၊ လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)