ချောင်းဦးမြို့ ရပ်ကွက်များရှိ ပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရေးအတွက် တန်ဖိုးသင့်စားသောက်ကုန်များ လှည့်လည်ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချောင်းဦးမြို့ ရပ်ကွက်များရှိ ပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရေးအတွက် တန်ဖိုးသင့်စားသောက်ကုန်များ လှည့်လည်ရောင်းချပေး



MNP - စက်တင်ဘာ   ၁၈


စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်စီစဉ်မှု၊ မုံရွာခရိုင်နှင့် ချောင်းဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ ကြီးကြပ်မှုနှင့်အတူ  ချောင်းဦးမြို့နယ် တန်ဖိုးသင့် စားသောက်ကုန် ရောင်းချရေးကော်မတီမှ ဒေသခံပြည်သူများ သက်သာချောင်ချိရေးအတွက်  စားသောက်ကုန်များကို  အရောင်းဆိုင် ရွေ့လျားယာဉ်ဖြင့်  နေ့စဉ်ရောင်းချပေးလျက်ရှိရာ စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က ချောင်းဦးမြို့ မြို့သစ်ရပ်ကွက်တွင် ရောင်းချပေးခဲ့ကြရာ အဆိုပါရပ်ကွက်ရှိ ဒေသခံပြည်သူများ ဝမ်းမြောက်စွာ လာရောက်ဝယ်ယူအားပေးခဲ့ကြကြောင်း သိရသည်။


 ချောင်းဦးမြို့နယ် တန်ဖိုးသင့် စားသောက်ကုန် ရောင်းချရေး အဖွဲ့ အနေဖြင့် အိမ်ထောင်စု တစ်စုအတွက် ဆန်တစ်ပြည်၊ ဆီ တစ်ဆယ်သား၊ကြက်သွန်နီ အစိတ်သား၊ အာလူးအစိတ်သား ပါ ( ၄ )မျိုးအတွက် စုစုပေါင်း ကျသင့်ငွေကျပ်  ၃၀၀၀ နှုန်းဖြင့် ဒေသခံပြည်သူများ သက်သာချောင်ချိရေးနေ့စဉ် ရပ်ကွက်များအတွင်း ရောင်းချပေးခဲ့ရာ ယနေ့အထိ အိမ်‌ထောင်စုပေါင်း ၁၁၃၅ အိမ်ထောင်စုအတွက် ရောင်းချပေးနိုင်ခဲ့ပြီဖြစ်ကြောင်းသိရပြီး ဆက်လက်၍လည်း ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။


သတင်း - ဝင်းမြင့်အောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)