MNP - စက်တင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ်(၂)ရပ်ကွက် အသောကာရာမကျောင်းတိုက် ဓမ္မာရုံတွင် ယမန်နေ့ညနေ(၂)နာရီက ရွှေသောင်ယံမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းထိုက်ဦးဆောင်သော မြို့အဆင့်ဌာနဆိုင်ရာများ ပါဝင်သည့် စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ပြုလုပ်ခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲတွင် အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုရေး၊ စည်ရုံရေးစစ်ကြောင်းဟူ၍ စစ်ကြောင်းကြီး(၅)ကြောင်းမှ ဌာနဆိုင်ရာအကြီးအကဲများမှ ရှေးဦးစွာ ကဏ္ဍအလိုက် ဆွေးနွေးခဲ့သည်။
ဆွေးနွေးရာတွင် ဒေသတွင်းလုံခြုံးရေး၊ တရားဥပဒေစိုးမိုးရေး၊ ကျန်းမာရေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း၊ ပညာရေး၊ ရပ်ရွာအေးချမ်းတည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို မြို့အုပ်ချုပ်ရေးမှူးမှ ပြောကြားပြီး သက်ဆိုင်ရာဌာန အကြီးအကဲများမှ မိမိတို့ဌာနအလိုက် ဆောင်ရွက်နေမှုများကို ပြည်သူများအား ချပြဆွေးနွေး ခဲ့ကြသည်။
ထို့နောက်ပြည်သူများမှ တင်ပြလာသည့် လိုအပ်ချက်များအပေါ် ချက်ချင်း ညှိနှိုင်းဆောင်ရွက်နိုင်သည်များကို ဆောင်ရွက်ပေးကာ၊ ချက်ချင်းဆောင်ရွက်မပေးနိုင်သည်များ ရှိပါက မှတ်သားထား၍ ပြန်လည်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့၊ ရွှေသောင်ယံမြို့၊ မြို့အုပ်ချုပ်ရေးမှူးနှင့်အတူ စစ်ကြောင်းကြီး (၅)ကြောင်းမှ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပြည်သူများ တက်ရောက် ခဲ့ကြသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment