ကြို့ပင်ကောက်မြို့နယ်တွင် ဆီထွက်သီးနှံနေကြာတိုးချဲ့စိုက်ပျိုးရေး အသိပညာပေးဆွေးနွေးပွဲဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြို့ပင်ကောက်မြို့နယ်တွင် ဆီထွက်သီးနှံနေကြာတိုးချဲ့စိုက်ပျိုးရေး အသိပညာပေးဆွေးနွေးပွဲဆောင်ရွက်

 

MNP - စက်တင်ဘာ   ၂၂


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၊ မြို့လယ်ချောင်းတောင်သူပညာပေးစခန်းတွင် ဆီထွက်သီးနှံနေကြာတိုးချဲ့စိုက်ပျိုးနိုင်ရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းကပြုလုပ်ခဲ့သည်။


ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက မြို့နယ်အတွင်းဆီဖူလုံမှုရာနှုန်း တိုးတက်လာစေရန် ဆီထွက်သီးနှံနေကြာ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ဆောင်းသီးနှံပဲခင်းများတွင် သီးညှပ်စိုက်ပျိုးခြင်းနှင့်သီးသန့်အခင်းလိုက်စိုက်ပျိုးခြင်းတို့ကို ဆောင်ရွက်နိုင်ကြောင်း ယင်းသို့စိုက်ပျိုးပါက  လိုအပ်သောမြေဩဇာနှင့် နေကြာမျိုးတို့ကို သင့်တင့်သောဈေးနှုန်းများဖြင့် ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမောင်မောင်ဌေးက နေကြာသီးညှပ်စိုက်ပျိုးခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးနှင့် သီးသန့်အခင်းလိုက်စိုက်ခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများ၊ ပိုးမွှားအန္တရာယ်ကျရောက်ခြင်းမှ ကာကွယ်ဆောင်ရွက်ရမည့်နည်းလမ်းများကို ဆွေးနွေးပွဲတက်ရောက်လာကြသော တောင်သူများအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။


ကြို့ပင်ကောက်မြို့တွင် ယခင်နှစ်က ဆီထွက်သီးနှံနေကြာကို စုစုပေါင်းဧက ၄၅၀ သာစိုက်ပျိုးနိုင်ခဲ့ကြောင်း လာမည့်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်းဆီဖူလုံမှုရာခိုင်နှုန်း တိုးတက်လာစေရေးအတွက် နေကြာသီးနှံလျာထားဧက ၃၆၄၁ ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


သတင်း - ဇေယျာထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)