နမ္မတူမြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်နှစ်အထက် သက်ကြီးဘိုးဘွား ၁၂၂ဦးအား လူမှုရေးပင်စင်ထောက်ပံငွေကျပ် ၃၆သိန်းကျော် ထောက်ပံ့ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

နမ္မတူမြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်နှစ်အထက် သက်ကြီးဘိုးဘွား ၁၂၂ဦးအား လူမှုရေးပင်စင်ထောက်ပံငွေကျပ် ၃၆သိန်းကျော် ထောက်ပံ့ပေးအပ်




MNP - စက်တင်ဘာ   ၁၅


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထာရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ် (ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ) သုံးလအတွက်  မြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုဘွား (၁၂၂)ဦးအား လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ် (၃၆)သိန်းကျော် ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့မွန်းလွဲ (၁)နာရီခွဲအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် ဝင်ငွေရလုပ်ငန်းတွေကို ကိုယ်တိုင်ကိုယ်ကျ မလုပ်ကိုင်နိုင်သည့် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်က တတ်နိုင်သမျှ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်၏ ဓနအင်အားပေါ်မူတည်ပြီး ဘိုဘွားထောက်ပံ့မှုများကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ရပ်ကွက်(၂)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂၁)အုပ်စုအလိုက် အကျိုးခံစားခွင့်ရရှိသည့် စာရင်းများအားဖတ်ကြားပေးကာ၊ အကျိုးခံစားခွင့်ရှိသူတို့ လက်ဝယ်အရောက် သတ်မှတ်ပုံစံများတွင် စာရင်းဖြည့်သွင်းကာ ထောက်ပံ့ပေးအပ်နိုင်ရေး လမ်းညွှန်မှာကြားခဲ့သည်။


ဆက်လက်၍ ထောက်ပံ့ငွေများပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးဝင်းမင်းထွန်း၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ခံ ဒေါ်ပိုးမဉ္ဇူနှင့် တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက် (၂)ခုနှင့် ကျေးရွာအုပ်စု (၂၁)အုပ်စုတို့မှ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွား (၁၂၂) ဦးအတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် (၃၆၆၀၀၀၀)ကျပ်အား အကျိုးခံစားခွင့်ရှိသူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်နိုင်ရေး သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ/ စာရေးဝန်ထမ်းများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့သည်။


အဆိုပါ ထောက်ပံ့ငွေများမှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ် (ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ) (၃)လအတွက် တစ်လလျှင် ထောက်ပံ့ငွေကျပ် (၁၀၀၀၀)နှုန်းဖြင့် စုစုပေါင်း (၃)လအတွက် သက်ကြီးဘိုဘွားတစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၃၀၀၀၀)နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း နမ္မတူမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ခံ ဒေါ်ပိုးမဉ္ဇူကထံက သိရသည်။


သတင်း - လူမော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)