ဘိုကလေးမြို့နယ်ရှိ ကုန်စုံဆိုင်ပိုင်ရှင်များမှ စားအုန်းဆီ(၅၀)သားလျှင်(၃၀၀၀)ကျပ်နှုန်းဖြင့် ဆက်လက်ရောင်းချရာ ပိဿာချိန် (၁၅၄၀) ရောင်းချပြီးပြီဖြစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘိုကလေးမြို့နယ်ရှိ ကုန်စုံဆိုင်ပိုင်ရှင်များမှ စားအုန်းဆီ(၅၀)သားလျှင်(၃၀၀၀)ကျပ်နှုန်းဖြင့် ဆက်လက်ရောင်းချရာ ပိဿာချိန် (၁၅၄၀) ရောင်းချပြီးပြီဖြစ်




MNP - စက်တင်ဘာ   ၁၅


နွမ်းပါးပြည်သူများ၏ စားဝတ်နေရေး ချောင်ချိသက်သာစေရေးကို ရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့နှင့် မြို့နယ်စားသုံးသူရေးဦးစီးဌာနတို့ ပူးပေါင်းကြီးကြပ်မှုများဖြင့် မြို့နယ်အတွင်းရှိ ကုန်စုံဆိုင်ကြီးများမှ သတ်မှတ်ရက်များအလိုက် ဘိုကလေးမြို့ပေါ်ရှိ အမှတ်(၆၊ ၇၊ ၈၊ ၉၊ ၁၀)ရပ်ကွက်များ၊ မြို့နှင့် ထိစပ်လျက်ရှိသည့် သာပေါင်းကျေးရွာ၊ ဘုရားချောင်း ကျေးရွာတို့အား သက်သာသောဈေးနှုန်းများဖြင့် အိမ်ထောင်စုတစ်စုလျှင် စားအုန်းဆီ (၅၀)ကျပ်သားနှုန်း ရောင်းချပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က အမှတ်(၉)ရပ်ကွက်ရှိ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးအနီးတွင် ဆီပိဿာချိန်(၁၁၀)အား သွားရောက်ရောင်းချပေးခဲ့သည့်အပြင် ဆီလာရောက် ဝယ်ယူသူများကိုလည်း ရောင်းချပေးသည့် ကုန်စုံဆိုင်ပိုင်ရှင်မှ ခေါက်ဆွဲခြောက်ထုတ်များပါ လှူဒါန်းပေးအပ်ခဲ့သည်။


ရောင်းချရာတွင် စားအုန်းဆီ(၅၀)သားပါရှိသည့် ဆီ(၁)ဘူးလျှင် (၃၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ခြင်းဖြစ်ပြီး ရောင်းချနေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ် စားသုံးသူရေးရာဦးစီးဌာနတို့မှ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် အဆိုပါ ဆီရောင်းချမှုများကို ဩဂုတ်လ (၂၂)ရက်နေ့မှ စတင်ကာ သတ်မှတ်ရက်များအလိုက် တစ်ရက်လျှင် ဆီပိဿာ(၁၁၀)အား ရောင်းချပေးခဲ့ရာ စက်တင်ဘာလ ၁၄ ရက်နေ့အထိ ဆီပိဿာချိန် (၁၅၄၀)ပိဿာ ရောင်းချပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။


သတင်း - မိုးစက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)