စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့မှ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံ အိမ်တွင်း လျှပ်စစ်သွယ်တန်းခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားနှင့် တိုင်းဒေသကြီး ရင်းနှီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့မှ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံ အိမ်တွင်း လျှပ်စစ်သွယ်တန်းခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားနှင့် တိုင်းဒေသကြီး ရင်းနှီး



MNP - စက်တင်ဘာ  ၂၁


စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံအိမ်တွင်း လျှပ်စစ်သွယ်တန်းခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အား ကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းတွင် ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ၊ သင်တန်းနည်းပြများ၊ သင်တန်းသားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က လူငယ်များဘက်စုံဖွံ့ဖြိုး တိုးတက် ရေးအတွက် လူငယ်ရေးရာကိစ္စရပ်များကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စေရန် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ကော်မတီများဖွဲ့စည်းပြီး အလေးထား ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ လူငယ်များဟာ နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်သည့် ကြီးမားသော လူ့စွမ်းအား အရင်းအမြစ်ဖြစ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးခြားသည့် အင်အားစုတစ်ရပ် ဖြစ်၍ အနာဂတ်ခေါင်းဆောင်များလည်း ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဘဏ္ဍာနှစ်အလိုက် လူငယ်များအလုပ်အကိုင် ရရှိရေးအတွက် နည်းပညာပေးသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် လူငယ်များအလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန် ဆင်းရဲနွမ်းပါးမှု လျော့ချစေရေးအတွက် အထောက်အကူပြုစေရန်၊ လူငယ်များ သမာအာဇီဝကျကျ လုပ်ကိုင်တက်စေရန် ရည်ရွယ်၍ နည်းပညာသင်တန်းများကို ဖွင့်လှစ်ပေးသွားရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သင်တန်းသူများအနေဖြင့် သင်တန်းတွင်ပို့ချပေးမည့် နည်းပညာရပ်များကို စာတွေ့၊ လက်တွေ့ လုပ်ငန်းများ ဆောင်ရွက်ရာတွင် စိတ်ပါဝင်စားစွာဖြင့် သင်တန်းပျက်ရက်မရှိအောင် တက်ရောက် သင်ကြားသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ သည်။


ယင်းနောက် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းက အခြေခံအိမ်တွင်း လျှပ်စစ်သွယ်တန်းခြင်း သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းနည်းပြများနှင့် သင်တန်းသား များအတွက် ဂုဏ်ပြုထောက်ပံ့ငွေကျပ် - ၅ သိန်းအား ပေးအပ်ပြီး တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းဓါတ်ပုံ ရိုက်ကူးပြီး သင်တန်းတွင်အသုံးပြုသွားမည့် သင်ထောက်ကူပစ္စည်း များအား လိုက်လံကြည့်ရှု အားပေးခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။


အဆိုပါ အခြေခံ အိမ်တွင်း လျှပ်စစ်သွယ်တန်းခြင်းသင်တန်းအား ယမန်နေ့မှ အောက်တိုဘာလ ၄ ရက်နေ့အထိ ၁၅ ရက်ကြာ စာတွေ့၊လက်တွေ့ သင်ကြားပေး သွားမည်ဖြစ်ပြီး သင်တန်းသား ၂၈ ဦး တက်ရောက်သွားမည်ဖြစ်သည်။


ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ပြည်သူ့ အားကစားကွင်းအတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသော အမြင့် - ၁၆၀ ပေ၊ အနံ - ၃၀ ပေ၊ RC ကွန်ကရစ်၊ အမိုးပါ ပွဲကြည့်စဉ် အဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းခွင့်သို့ ရောက်ရှိရာ တာဝန်ခံအင်ဂျင်နီယာက တည် ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုက်လံရှင်းလင်းတင်ပြသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တည်ဆောက်လုပ်ငန်းများ စံချိန်စံညွှန်းမီ အရည်အသွေးကောင်းမွန်စွာဖြင့် လုပ်ငန်းများ အချိန်မီပြီးစီးရေး၊ လုပ်ငန်းခွင့်အန္တရာယ် ကင်းရှင်းရေးတို့အား မှာကြားကာ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။


ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော တိုင်းဒေသ ကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ်(၈/၂၀၂၂)သို့ တက်ရောက်ကြသည်။


ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားသည်။


ဆက်လက်၍ တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်က ယခင်အစည်းအဝေး ဆုံဖြတ်ချက်များ၏ ဆောင် ရွက်ပြီးစီးမှု အခြေနေများ၊ ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုဖြင့် Sagaing Steel Industry Co,Ltd မှ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ဥပဒေနှင့်အညီ သံနှင့်သံမဏိအခြေခံ ပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်ခွင့်ပြုပါရန် အတည်ပြုလျှောက်ထားလွှာ တင်ပြလာခြင်း၊ Jinxin Technology Sagaing Co,Ltd မှ တည်ဆောက်ရေးကာလ တိုင်းမြှင့်ခွင့်ပြုပါရန်နှင့် သြဂုတ်လ အတွင်း ကွင်းဆင်းဝန်ဆောင်မှုပေးခဲ့သော လုပ်ငန်းများနှင့်  ပတ်သက်၍ ရှင်းလင်းတင်ပြသည်။


ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံ့မှုကော်မတီ အဖွဲ့ဝင်များ၊ အစည်းအဝေးသို့ တက်ရောက် လာသူများက ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးဆွေးနွေး တင်ပြကြသည်။


ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တက်ရောက်လာသူများ၏ အသီးသီးရှင်းလင်း ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)