တာမွေမြို့နယ်အတွင်းရှိ လူဦးရေစာရင်းဇယားအချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရေး ဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်အတွင်းရှိ လူဦးရေစာရင်းဇယားအချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရေး ဆွေးနွေးပွဲကျင်းပ



MNP ၊  စက်တင်ဘာ  ၂၆

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင်းရှိ လူဦးရေစာရင်းဇယားအချက်အလက် များ ပြည့်စုံမှန်ကန်မှု ရှိစေရေးအတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်စာရေးဝန်ထမ်းများ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် အဝေရာလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းဖေက မြို့နယ်အတွင်း လူဦးရေစာရင်းဇယားအချက်အလက်များ ပြည့်စုံမှန်ကန်စေရေး မြေပြင်စိစစ်ရန် လိုအပ် သည့်စာရင်းဇယားများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တာမွေမြို့နယ်အတွင်း ဆောင်ရွက်ပေး လျက်ရှိသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ၆၆/၆ ကိစ္စရပ် အခက်အခဲများနှင့် ပတ်သက်၍ မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်အား မြို့နယ်အတွင်းရှိ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် ရပ်ကွက်များအလိုက် ကြေညာပေးရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံသို့ ပေးအပ်ခဲ့သည်။ ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသူများက  မြို့နယ်အတွင်း လူဦးရေစာရင်းဇယားအချက်အလက် များ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် မြေပြင်စာရင်း တိုက်ဆိုင်စိစစ်ခြင်း ကိစ္စရပ်များနှင့် ပတ်သက်၍ သိရှိလိုသည် များကို မေးမြန်းဆွေးနွေးခဲ့ကြရာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းဖေက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်(တာမွေ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)