အမ်းမြို့နယ်တွင် ဒေသကွပ်ကဲရေးရုံး လမ်းဘေးဝဲယာ၌ သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်တွင် ဒေသကွပ်ကဲရေးရုံး လမ်းဘေးဝဲယာ၌ သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်





MNP ၊ စက်တင်ဘာ ၁၇

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် ဈေး တောင်ရပ်ကွက်ရှိ ဒေသကွပ်ကဲရေးရုံး၊ ရုံးတက်လမ်း လမ်းဘေးဝဲယာနှင့်စွယ်တော်ကျောင်းပတ်ဝန်း ကျင်၌သန့်ရှင်းသာ ယာလှပရေး စုပေါင်းသန့်ရှင်း‌ရေးဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၇)နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စုပေါင်းသန့်‌ ရေးကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဦး ဆောင်၍ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်၊မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ၊ခရိုင်/မြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊  မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ဝန်ထမ်းများ ၊ရပ် ကွက် /ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ပြည်သူများ ပူးပေါင်းပါဝင်၍ ဒေသကွပ်ကဲရေးရုံးတက်လမ်း လမ်းဘေးဝဲယာနှင့်စွယ်တော်ကျောင်းပတ်ဝန်းကျင်အား သန့်ရှင်းသာ ယာလှပရေးအတွက်သစ်ပင်ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း စုပေါင်း ဆောင်ရွက်ကြကြောင်း သိရှိရသည်။

 

စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)