ချင်းပြည်နယ် စားသုံးသူရေးရာကော်မတီ၏ လုပ်ငန်ညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၂)သို့ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချင်းပြည်နယ် စားသုံးသူရေးရာကော်မတီ၏ လုပ်ငန်ညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၂)သို့ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း တက်ရောက်



MNP - စက်တင်ဘာ  ၉


ချင်းပြည်နယ် စားသုံးသူရေးရာကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၂) ကို စက်တင်ဘာလ ၈ ရက် ညနေ ၃ နာရီက ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်စီးပွားရေးရာဝန်ကြီးရုံးခန်း၌ ကျင်းပရာ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း တက်ရောက်အမှာစကား ပြောကြားသည်။


အစည်းအဝေးတွင် ချင်းပြည်နယ် စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းက မိမိတို့ပြည်နယ်စားသုံးသူရေးရာ ကော်မတီအနေဖြင့် ယခင်အစည်းအဝေးဆုံးဖြတ်ချက်အတိုင်း စားသုံးသူများ ဘေးအန္တရာယ် ဖြစ်စေနိုင်သည့် အခြေခံစားသောက်ကုန်များ၊ သက်တမ်းကုန် ဆေးဝါးများနှင့် စားသောက်ကုန်ပစ္စည်းများ ဈေးကွက်အတွင်း ဝယ်ယူဖြန့်ဖြူးရောင်းချမှုမရှိစေရေး ရှောင်တခင် စစ်ဆေးကြပ်မတ်မှုများ ဆောင်ရွက်နိုင်သည့်အတွက် တာဝန်ရှိသူအားလုံးကို အသိအမှတ်ပြု ချီးကျူးပါကြောင်း၊ ရောင်းသူနှင့် ဝယ်ယူသူသည် စားသုံးသူများပင်ဖြစ်ကြောင်း၊ စားသုံးသူများအတွက် အန္တရာယ်မဖြစ်စေရန် ဈေးကွက်အတွင်း စားသောက်ကုန်ပစ္စည်းများ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ၊ မရှိ၊ FDA ထောက်ခံချက်သက်တမ်း ရှိ၊ မရှိ တို့ကို ထပ်မံကွင်းဆင်းစစ်ဆေးရန် လိုကြောင်းဖြင့် အမှာစကား ပြောကြားသည်။


ထို့နောက် ပြည်နယ်စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်စားသုံးသူရေးရာ ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးလှမိုးနိုင်က ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြရာ အစည်းအဝေး တက်ရောက်လာကြသည့် ကော်မတီဝင်များက သုံးသပ်ဆွေးနွေးကြပြီး ပြည်နယ်စီးပွားရေးရာဝန်ကြီးက လိုအပ်ချက်များ အကြံပြု ဖြည့်စွက်ဆွေးနွေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)