Pages

Pages

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ဈေးနှုန်းသက်သာစွာဖြင့် စားသောက်ကုန်များကို ရွေ့လျားဈေးကားများဖြင့် ပြည်သူများအား ရောင်းချနေမှု မြို့တော်ဝန်ကွင်းဆင်းကြည့်ရှု



MNP - စက်တင်ဘာ   ၁၀


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြိုသစ်(တောင်ပိုင်း) မြို့နယ်၊ (၆၆) ရပ်ကွက်၊ မြိတ်လမ်းရှိ အင်းဝအိမ်ရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ဒေသခံပြည်သူများအား စားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ယနေ့နံနက် ၆နာရီခွဲမှ စတင်ကာ ပြည်သူများလက်ဝယ်အရောက် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။


ထိုသို့ပြည်သူများအား ရောင်းချနေမှုကို ရန်ကုန်မြို့တော် စည်ပင်ယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန်ဦးဗိုလ်ဌေး၊ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ဌာနမှူးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ကြည်ရှုအားပေးကြသည်။


ဒေသခံပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားသောက်ကုန်များ ရောင်းချပေးရာတွင် ပေါ်ဆန်းဆန် ၅ ပြည်လျှင် (၁၂၈၀၀) ကျပ်ဖြင့် အိတ်(၃၀)၊ ဧည့်မထဆန်တစ်အိတ်လျှင် (၈၀၀၀) ကျပ်ဖြင့် (၁၆) အိတ်၊ ဆီတစ်ပိဿာ (၅၄၀၀) ကျပ်ဖြင့် ပိဿ (၁၂၀)၊ ကြက်ဥတစ်လုံး (၁၇၅) ကျပ်ဖြင့် ကြက်ဥ (၂၁၀၀)၊ ကြက်သားတစ်ပိဿာ (၆၅၀၀) ကျပ်ဖြင့် (၂၀) ပိဿာ၊ အမဲသား တစ်ပိဿာ (၁၂၀၀၀) ကျပ်၊ ဆိတ်သားတစ်ပိဿာ (၂၀၀၀၀) ကျပ် ဝက်သားတစ်ပိဿာ (၁၃၀၀၀) ကျပ်နှင့် ဟင်းသီးသီးရွက်မျိုးစုံတို့အား ပြည်သူများလက်ဝယ်အရောက် ရွေ့လျား ဈေးကားများဖြင့် ရောင်းချပေးရာ ပြည်သူများလွတ်လပ်စွာ ဝယ်ယူအားပေးကြကြောင်းနှင့် ဈေးဝယ်လာကြသူ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နှာခေါင်းစည်း (Mask) များ ဝေငှပေးကြောင်း မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးထံမှ သိရှိရသည်။


သတင်း - သန်းသန်းအေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment