Pages

Pages

သထုံခရိုင်လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်



MNP ၊ စက်တင်ဘာ ၁၀

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့၊ မွန်ပြည်နယ်၊ သထုံခရိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် အသင်းအဖွဲ့များ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက သုဝဏ္ဏဝတီမြို့ရှိ အေးမြဖြူစင် လူမှုကယ်ဆယ်ရေးအသင်းရုံး၌ ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ သထုံခရိုင်လူမှုကယ်ဆယ်ရေးအဖွဲ့များ၏ နာယကအဖွဲ့ဝင် ဦးအေးနိုင်က အမှာစကားပြောကြားပြီး ဥက္ကဋ္ဌ ဦးဥက္ကာထွန်းက လူမှုကယ်ဆယ်ကူညီရေးလုပ်ငန်းကိစ္စများ၊ လူနာကူညီမှုလမ်းကြောင်းများ၌ လိုက်နာရမည့် အချက်များ၊ အဖွဲ့ဝင် အသင်းများအချင်းချင်း အပြန်အလှန် ချိတ်ဆက်ကူညီရေး စသည်တို့ကို အသေးစိတ် ရှင်းလင်းပြောကြားကာ တတ်ရောက်လာကြသူများက ခေါင်းစဉ်များအလိုက် အကြံပြုဆွေးနွေးတင်ပြခဲ့ကြသည်။


အဆိုပါ လုပ်ငန်းညှိနှိုင်းပွဲသို့ သထုံခရိုင်လူမှုကယ်ဆယ်ရေးအဖွဲ့၊ နာယကများနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ အဖွဲ့ဝင် အသင်းများမှ တာဝန်ရှိသူများ တတ်ရောက်ခဲ့ကြပြီး  ရှေ့လုပ်ငန်းစဉ်များကို  အများသဘောတူဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။


နဒီ

https://t.me/MyanmarNationalPost

No comments:

Post a Comment