နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် လယ်ဝေးမြို့နယ်အတွင်းရှိ အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် လယ်ဝေးမြို့နယ်အတွင်းရှိ အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲအခမ်းအနားကျင်းပ




MNP - စက်တင်ဘာ   ၁၄


နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းသည် လယ်ဝေးမြို့နယ်အတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာနိုင်စေရန်အတွက် အငယ်စား၊အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၉) နာရီခွဲက လယ်ဝေးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်မ၌ ကျင်းပသည်။


အခမ်းအနားတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ၏ လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများကို ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရေး၊ အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်လာနိုင်ရေးနှင့် မဟာဗျူဟာကျ စီးပွားရေးလုပ်ငန်းများ ဆက်လက်ကြိုးပမ်းဆောင်ရွက်နိုင်ရေးတို့အတွက် ရှင်း လင်းပြောကြားသည်။ ထို့နောက် နေပြည်တော် စက်မှုကြီးကြပ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဟိန်းဇော်က အငယ်စား၊အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်လာနိုင်စေရန် စက်မှုလုပ်ငန်းများသည် အရေးကြီးသည့်အခန်းကဏ္ဍတွင် ပါဝင်နေကြောင်းနှင့် လုပ်ငန်းရှင်များ၏ စက်မှုလုပ်ငန်းများ အဆင်ပြေစွာလုပ်ကိုင်နိုင်ရန် တက်နိုင်သမျှ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်၍ ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်နွယ်က ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ အကာအကွယ်ပေးထားမှုအခြေအနေများအကြောင်းနှင့် လုပ်ငန်းရှင်များအနေဖြစ် ကုမ္ပဏီများတည်ထောင်မည်ဆိုပါက အသက်သာဆုံးနှုန်းထားနှင့် နေ့ချင်းပြီးဆောင်ရွက်ပေးလျှက်ရှိကြောင်း ပြောကြားသည်။ ထို့နောက် အသေးစားစက်မှုလက်မှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ပပမျိုးက အသေးစား စီး ပွားရေးလုပ်ကိုင်နိုင်ရန်အတွက် သင်တန်းများ သင်ကြားပို့ချလျက်ရှိကြောင်း ပြောကြားသည်။


ယင်းနောက် တက်ရောက်လာကြသည့် အငယ်စား၊အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များက မိမိတို့၏အခက်အခဲများကို နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား အသီးသီးတင်ပြကြရာ နေပြည်တော်ကောင်စီ အဖွဲ့ဝင်က ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)