(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြည်နယ်အဆင့်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကျောက်ဖြူခရိုင်မှပြိုင်ပွဲဝင်များ စစ်တွေမြို့သို့ထွက်ခွာ - Myanmar National Post

Myanmar National Post

News Agency

Breaking

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြည်နယ်အဆင့်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကျောက်ဖြူခရိုင်မှပြိုင်ပွဲဝင်များ စစ်တွေမြို့သို့ထွက်ခွာ









MNP ၊ စက်တင်ဘာ ၁၀

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ကျင်းပမည့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြည်နယ်အဆင့်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကျောက်ဖြူ ခရိုင်မှပြိုင်ပွဲဝင်များသည် ယနေ့ နံနက် (၁၁)နာရီက ကျောက်ဖြူမြို့မှ စစ်တွေမြို့သို့ ရွှေပြည်တန် အမြန်ရေယာဉ်ဖြင့် ထွက်ခွာကြမည်ဖြစ်ရာ ၎င်းပြိုင်ပွဲဝင်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ  ဦးမျိုးမင်းထွဏ်းနှင့် အဖွဲ့ ဝင်များ၊ ခရိုင်ဆိုကရေးတီး ကော်မတီအသီးသီးမှ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများမှ လိုက်ပါပို့ ဆောင်ကြပြီး အားပေးစကားပြောကြားကာ လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့သည်။ 


အဆိုပါ ပြည်နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို စက်တင်ဘာ(၁၂)ရက်နေ့မှ (၁၆)ရက်နေ့ထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဦးဥတ္တမခန်းမတွင် စည်ကားသိုက်မြိုက်စွာကျင်းပ ပြုလုပ်သွားမည်ဖြစ်ရာ  ကျောက်ဖြူခရိုင်ကိုယ်စားပြု အဆိုပြိုင်ပွဲဝင်(၁၇)ဦး၊ အကပြိုင်ပွဲဝင် (၁၈)ဦး၊ အတီးပြိုင်ပွဲဝင်(၂)ဦး၊ အကနည်းပြ(၂)ဦးနှင့် အုပ်ထိန်းသူ(၅)ဦး၊ စုစုပေါင်း(၄၄)ဦးတို့မှာ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ကျောက်ဖြူမြို့ အမှတ်(၃)ဆိပ်ကမ်းမှ ရွှေပြည်တန်အမြန် ရေယာဉ်ဖြင့် စစ်တွေမြို့သို့ ထွက်ခွာသွားပြီဖြစ်ကြောင်း သိရှိရသည်။

 

တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)