စုပေါင်းသွေးလှူဒါန်းမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုနေမှုအား ပြည်နယ်ဝန်ကြီးချုပ်ကြည့်ရှုအားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

စုပေါင်းသွေးလှူဒါန်းမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုနေမှုအား ပြည်နယ်ဝန်ကြီးချုပ်ကြည့်ရှုအားပေး




MNP - စက်တင်ဘာ   ၁၇


၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့တွင် ကျရောက်မည့် (၅၈)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမျိုးဆွေ၊ဒုပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဥက္ကာကိုတို့က ကြီးကြပ်၍ မော်လမြိုင်မြို့၊ ပြည်သူ့ဆေးရုံကြီး၌ မွန်ပြည်ရဲတပ်ဖွဲ့မှ အရာရှိ၊ အခြားအဆင့်တပ်ဖွဲ့ဝင် စုစုပေါင်း (၈၇) ဦးတို့မှ စုပေါင်းသွေးလှူဒါန်း ခြင်းကို ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် ဝန်ကြီးများသည် စုပေါင်းသွေးလှူကြသည့် တပ်ဖွဲ့ဝင်များအတွက် အားဆေးများ၊ ကြက်ဥနှင့် အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး မော်လမြိုင်၊ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြသည့် လူနာများအား ကျန်းမာရေး စောင့်ရှောက်မှုပေးနေခြင်းအပေါ် ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။


ထို့အပြင်  ပြည်နယ်၊ ခရိုင် မြို့နယ် ရဲတပ်ဖွဲ့ဝင်အင်အား (၁၅၀) ဦးများမှလည်း (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မော်လမြိုင်၊ ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း၊ အပြင် စုပေါင်းသန်းရှင်းကို  ဝိုင်းဝန်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။


သတင်း - ခင်စန်းမြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)