Pages

Pages

ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနမှ ဝန်ထမ်းများ၊ တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ဆန်ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ

 


MNP - စက်တင်ဘာ   ၁၂


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနမှ ဝန်ထမ်းများ၊ တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ဆန်ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခမ်းမ၌ ကျင်းပခဲ့သည်။


အဆိုပါ အခမ်းအနားတွင် ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်က ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနတွင်  တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား သက်သာချောင်ချိရေး အတွက် ဆန်များထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် တာဝန်ရှိသူများက ဝန်ထမ်းတစ်ဦးလျှင် (၁၂)နှုန်းဖြင့် ဆန်(၄၅)အိတ်အား ပေးအပ်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။


သတင်း - မျိုးသီဟ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment